အခန်း (၆၁) ဘာစာလဲ!
【ငါတကယ် မသိဘူးလို့!】
" လူများများ ခေါ်ပြီး သွားစုံစမ်းကြည့်လိုက် "
ချင်ရှောက်ယွီက ဆိုသည်။
" သတိထားပြီး ဆောင်ရွက်နော်။ တခြားလူတွေ မသိစေနဲ့ "
" ဟုတ်ကဲ့ "
ကျောက်ဝူက ခေါင်းညိတ်သည်။
" ဒါနဲ့၊ အရင်က လမ်းပေါ်မှာ သူများပြောတာကြားမိတာတော့ သွမ့်ချင်ဂူက ဒုသခင်လေးရှောင်းက သည်ရက်ပိုင်းအတွင်း ရောက်လာတော့မယ်တဲ့ "
ရှောင်းကျမ်၏ နာမည်ကို ကြားလိုက်သည်နှင့် ရှန်ချန်းလင်ကား သက်ပြင်းတိတ်တိတ်ချမိသည်။
အရှုပ်တော်ပုံကြီးတွေဘာတွေ ဆိုတာ လူကို သိပ်ခေါင်းကိုက်စေတာပဲ!
" ဘာတွေ ငေးငိုင်နေတာလဲ? "
ကျောက်ဝူထွက်သွားပြီးနောက် ချင်ရှောက်ယွီက လေကာတံခါးချပ်နောက်သို့ ဝင်လာသည်။ တစ်ချက်ကြည့်ရုံနှင့် သူစိတ်နှင့်လူနှင့် မကပ်ကြောင်း သိသွားပေ၏။
ရှန်ချန်းလင်က ရိုးသားစွာ ဖြေသည်။
" ရှောင်းကျမ်အကြောင်း တွေးနေတာ "
ထို့နောက်တွင်တော့ သူဟာ ဂိုဏ်းချုပ်ချင်ထံမှ ခေါင်းတစ်ချက် ခေါက်ခံလိုက်ရတော့သည်။
" တွေးခွင့်မပြုဘူး! "
" ငါ တကယ်ပြောတာ "
ရှန်ချန်းလင်က ရှုံ့မဲ့မဲ့လေးဖြင့်။
" သူ့ကြည့်ရတာ ခေါင်းမာပြီး အစွဲကြီးပြီး ကိုင်တွယ်ရခက်မဲ့ပုံပဲ။ ငါ နည်းနည်းလေးမှ သူ့ကို နားဝင်အောင် ပြောနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် မရှိဘူး "
" အဲ့တော့ရော ဘာဖြစ်လဲကွာ? "
ချင်ရှောက်ယွီက သူ့ဘေးနား ဝင်ထိုင်သည်။
" ဧကန္တ သူက မင်းကို ကိုယ့်ဆီကနေ လုသွားနိုင်မှာတဲ့လား "
" စကားအရတော့ အဲ့လိုဆိုပေမဲ့၊ နဂိုက စမှားတာက ငါပဲလေ "
ရှန်ချန်းလင်မှာ စိတ်ဆင်းရဲလို့ သေတော့မည်။
တကယ်ဆို အတိအကျ လာပြောရရင် အဲ့တာ ငါ့အမှားလည်း မဟုတ်ဘူးလေ!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း