အခန်း (၈၀) အဆက်

782 110 15
                                    

သို့သော် သူတို့နှစ်ယောက် ခြံထဲက မထွက်ရသေးခင်တွင် ကျောက်ဝူက စိတ်သောကရောက်နေဟန် မျက်နှာနှင့် ဝင်ရောက်လာသည်။

"ဂိုဏ်းချုပ်!"

"ဘာကိစ္စလဲ?"

ချင်ရှောက်ယွီက မေးသည်။

"ချန်းဝူဂိုဏ်းက လူတွေက ဟုန်ဖေးဟွမ်ကို တိတ်တဆိတ် ဆက်သွယ်လာပါပြီ။ သူတို့ကို ဆင်ခြေတစ်ခု ရှာပြီး ရှန်သခင်လေးကို သွားတွေ့ခိုင်းနေတာပါ။ ပြီးတော့ နည်းလမ်းရှာပြီး သည်ပစ္စည်းကို ရှန်သခင်လေး အခန်းထဲကို ထည့်ခိုင်းလိုက်တာပါ"

ကျောက်ဝူက ကြွေပုလင်းတစ်လုံးကို ထုတ်လာသည်။

"ငါ?"

ရှန်ချန်းလင်က အံ့သြထိတ်လန့်သွားရတော့သည်။

ချင်ရှောက်ယွီ၏ မျက်နှာသွေးရောင်ဟာလည်း အင်မတန် ကြည့်ရစိုးလျက် ရှိပြီး ပုလင်းကို ယူ၍ လှုပ်ခါကြည့်လိုက်သည်။

"မင်း မဖွင့်သေးနဲ့ဦးလေ"

ရှန်ချန်းလင်က စိတ်လှုပ်ရှားစွာ တားမြစ်လိုက်သည်။

"ဘာပစ္စည်းလည်း ဆိုတာ ပြောလို့မရဘူး၊ တကယ်လို့ အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ"

"အဲ့တာအပြင် ဘာရှိသေးလဲ?"

ချင်ရှောက်ယွီက မေးသည်။

"မရှိတော့ပါဘူး။ တခြားဟာတွေက သည်အတိုင်း ဟုန်ခေါင်းဆောင်ရဲ့ အသက်နဲ့ ဟုန်ဖေးဟွမ်ကို ခြိမ်းခြောက်တာပါပဲ"

ကျောက်ဝူက ဆိုသည်။

"ဒါပေမဲ့ ဟုန်ဖေးဟွမ်က ကျုချင်းလန်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားပြီးသားမို့ အဲ့ကိစ္စအပေါ် သက်ရောက်မှုတော့ သိပ်မရှိပါဘူး"

ချင်ရှောက်ယွီက ခေါင်းညိတ်သည်။

"ပင်ပန်းသွားပြီ။ ကျုချင်းလန်ကိုလည်း သတိပေးလိုက်ဦး၊ သူ့ကို လုံးဝ ဥဿုံ သတိထားရမယ်လို့"

ကျောက်ဝူထွက်ခွာသွားတော့မှ ချင်ရှောက်ယွီသည် ရှန်ချန်းလင်ကို ခေါ်လျက် ဧည့်ခန်းထဲသို့ ပြန်ဝင်လာပြီး ပုလင်းကို စားပွဲပေါ် တင်လိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now