အခန်း (၆၂) အေးစက်ခံ့ညားသောဂိုဏ်းချုပ်ချင်!
【ဇနီးလေး ကိုယ်မှားပါတယ်!】
ချင်ရှောက်ယွီက စာအုပ်ကို လှမ်းယူလိုက်ပြီး နှစ်ကြောင်းမျှ ဖတ်ကြည့်လိုက်သည်။
နှစ်တစ်ထောင် မြေခွေး ရှောင်းမီးမီးသည် ရှန်ချန်းလင်အား မြှူဆွယ်လို့ မရသောကြောင့် ရုတ်ခြည်း ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးကာ ဗျပ်စောင်းကို တီးခတ်၍ တေးသီချင်းတစ်ပုဒ် သီဆိုလေ၏။
အလွန်ပင် အေးစက်ကြေကွဲဖွယ်ရာပင်။
၄င်းကား -
" သာယာပျော်ဖွယ် ညရှုခင်းပဒေသာဝယ်၊ ငြိမ့်ငြိမ့်ညောင်းညောင်း စည်းစိမ်ကမ္ဘာနက်၊ ရစ်ပတ်နှောင်တွယ် မခွဲမခွာ တွဲကာရယ်။ သည်သို့ပင်ဖြင့် အိပ်မက်ကမ္ဘာဝယ် ရောက်သည့်တိုင်နှယ်၊ နှလုံးဝိညာဉ် လိပ်ပြာပြယ်လွင့်၊ သည်းထိတ်ဘဝင်ဖို လှပ်တဖျပ်ဖျပ် ရင်ဝယ်ခုန်။ "
စသည့် သီချင်းစာသားများကို ဖတ်လိုက်မိပြီး ချင်ရှောက်ယွီသည် တစ်ကိုယ်လုံး၌ ကြက်သီးဖြန်းဖြန်း ထလာတော့၏။
" ဘယ်စာလဲ? "
ရှန်ချန်းလင်က နားမလည်နိုင်စွာ မေးသည်။
ရှောင်းကျမ်က မျက်နှာတစ်ခုလုံး နီရဲသွားပြီး မျက်လုံးထဲတွင် မီးတောက်များပါ ပန်းထွက်လာတော့မည့်အလား။
ချင်ရှောက်ယွီ မေးစေ့ကို ပွတ်ကာ -
" ငါ အရင်က ကြားဖူးတာတော့ ဒုသခင်လေးက သိုင်းပညာ အဆင့်မြင့် ကောင်းမွန်တယ်တဲ့။ ဒါပေမဲ့ စာပေအတတ်မှာလည်း သည်လောက် ပေါက်ရောက်မှန်း မသိရပါလား "
ရှန်ချန်းလင်သည် အူတိအူကြောင်ဖြင့် သူ့လက်ထဲက စာအုပ်ကို လှမ်းယူကြည့်ပြီး ခေါင်းထဲတွင် ဖျတ်ကနဲ လက်သွားကာ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
" သည် သီချင်းစာသားတွေက မင်းရေးထားတာလား? "
" ဟုတ်တော့ရော ဘာဖြစ်လဲ? "
ရှောင်းကျမ်က ဒေါသဖြင့်။
" မင်း ဟိုးအရင်တုန်းက ဖတ်ကို ဖတ်ချင်တယ်ဆိုလို့ ငါ့မှာ ပညာသင်သားတစ်ယောက်ကို ရှာပြီး သင်ပေးခိုင်းထားရတာလေ! "
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း