အခန်း (၅၁) ချစ်သူစုံတွဲအနေအထား
【လုံးဝ စတင်ဖွင့်လှစ်လိုက်ပါပြီ】
" ဘယ်အချိန်ရောက်ပြီလဲ? "
" စောသေးတယ် "
ချင်ရှောက်ယွီက သူ့ကို စောင်သေချာခြုံပေးလိုက်သည်။
" စကားနားထောင်နော် ၊ ထပ်အိပ်လိုက်ဦး "
ရှန်ချန်းလင်က မျက်မှောင်ကြုတ်၍ -
" ဗိုက်ဆာတယ် "
ချင်ရှောက်ယွီက သူ့လက်ဖမိုးလေးအား ခပ်ဖွဖွ ပုတ်ပေးပြီး အခန်းပြင်သို့ ထထွက်သွားရန် ဟန်ပြင်လိုက်သည်။
" မင်းဘယ်သွားမလို့လဲ? "
ရှန်ချန်းလင်က သူ့ကို လှမ်းဆွဲဖမ်းလိုက်ပြီး ကြောင်ကလေးပမာ တအီအီနှင့်။
" မင်းအတွက် လူခေါ်ပြီး စားစရာပြင်ဆင်ခိုင်းမလို့လေ "
ချင်ရှောက်ယွီက ခုတင်ဘေးတွင် ဒူးတစ်ဖက်ထောက်၍ ထိုင်ကာ -
" ကိုယ် ဘယ်မှမသွားဘူးနော် ၊ ချက်ချင်း ပြန်လာခဲ့မယ် "
ရှန်ချန်းလင်က မူးဝေဝေနှင့် "အွန်း" ကနဲသာ ဖြေပြီး လိမ်လိမ်မာမာလေး လက်လွှတ်ပေးလိုက်သည်။
ကျောက်ဝူသည် ဓားကို ပိုက်၍ ခြံဝန်းထဲတွင် ရပ်စောင့်နေသည်။ ချင်ရှောက်ယွီ တံခါးဖွင့်ထွက်လာသည်ကို မြင်သော် ချက်ချင်း ထရပ်ပြီး ကြိုလိုက်၏။
" ပြန်သွားပြီး ဟွားထန်ကို အသိပေးလိုက် ၊ ရှိသမျှကိစ္စတွေ အကုန်လုံးကို မင်းနဲ့ဟွားထန်ပဲ အကုန်ဖြေရှင်းစီစဉ်လိုက်တော့ "
ချင်ရှောက်ယွီက ဆိုသည်။
" အဲ့သည်လီပေါ်ဟောက်ရဲ့ ကိစ္စကိုလည်း ဘယ်လိုဖြစ်တာလဲဆိုတာ သေချာဖြေရှင်းစုံစမ်းလိုက် ၊ အကောင်းဆုံးက ရုံးတော်နဲ့ ပူးပေါင်းလိုက်ပြီး အဲ့လီအိမ်တော်တစ်ခုလုံးကို သေချာ စစ်ဆေးလိုက်! "
" ဟုတ်ကဲ့ "
ကျောက်ဝူက အခန်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး -
" ရှန်သခင်လေး ဘာမှမဖြစ်ဘူးမလား? "
" ဟန်အဆိပ်က သူ့ခန္ဓာအတွင်း ပြန်အနည်ထိုင်သွားပြီ။ ဒါ့ကြောင့် ကာလတိုအတွင်းတော့ ဘာမှထပ်ဖြစ်ဦးမှာ မဟုတ်ဘူး "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း