အခန်း (၅၈) အဲသည့်ဘယ်သူနဲ့ တွေ့ တွေ့ တွေ့ တယ်!
【နေရာတကာမှာ မြေခွေးကောင်တွေချည်းပဲ】
" ငါ သည်နေ့တစ်ရက်လုံး ဘာမှမစားရသေးဘူးနော် "
ရှန်ချန်းလင်က အလေးအနက် သတိပေးသည်။
" အွန်း "
ချင်ရှောက်ယွီက သူ့ကို ပဲစိမ်းနှိပ်တစ်ဇွန်း ခွံ့ကျွေးသည်။
" ကြက်ခြေထောက်လေးတော့ ကျွေးဦးမှပေါ့ဟ! "
ရှန်ရှောင်ရှို့က ငြင်းဆန်၏။
" မနက်ဖြန်ကနေ စပြီး ကိုယ် ကိုယ်တိုင် မင်းကို သိုင်းပညာသင်ပေးမယ် "
ချင်ရှောက်ယွီက ခေါင်းစဉ်ပြောင်းပြောသည်။
ငိုး!
ရှန်ချန်းလင်သည် ပန်းမုံလာပွင့်အား ကိုက်လျက် ရှုံ့မဲ့မဲ့လေးဖြင့် သူ့ကို ကြည့်နေမိတော့သည်။
ဒါက အိပ်မက်ပါလို့ မြန်မြန်ပြောစမ်း!
ချင်ရှောက်ယွီက အင်မတန် ခံ့ညားချောမောစွာ ပြုံးပြသည်။
သို့နှင့် ရှန်ချန်းလင်သည် ပါးစပ်ထဲကဟာကို မျိုချကာ -
" မင်း မင်း မင်း ထပ်ပြောကြည်ပါဦး "
" အရင်ဆုံး အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ခံပညာကနေ စသင်ပေးမယ် "
ချင်ရှောက်ယွီက ဆို၏။
မင်းနှမ ကိုယ်ခံပညာ!
ရှန်ချန်းလင်က သူ့ကို ဒေါသထွက်စွာ ကြည့်သည်။
" မင်းက ငါ ဝ,တယ်ဆိုပြီး ငြိုငြင်ရဲတယ်! "
ဂိုဏ်းချုပ်ချင်က အံ့အားသင့်သွားသော အမူအရာဖြင့် -
" ဇနီးလေးက ဘာလို့ အဲ့လိုတွေးရတာလဲ "
" မင်းလို အပေါ်ယံဆန်တဲ့ယောကျ်ားမျိုး! ! ! "
ရှန်ချန်းလင်က စိတ်ဆိုးနေ၏။
ချင်ရှောက်ယွီက ရယ်ချင်တာကို ထိန်းပြီး သူ့၏ ဖြူနုနု ပါးလေးကို ဆွဲညှစ်ကာ -
" အဲ့တာကြောင့် မင်းကို အူတူပလူးတူးလေးလို့ ပြောတာ "
" ငါ ဘယ်လိုနည်းနဲ့မှ သဘောမတူဘူး! "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း