အခန်း(၁၁) အပေါ်ထပ်ကနေခုန်ချလိုက်မိတယ်!

1.5K 197 32
                                    

Unicode>>

အခန်း(၁၁) အပေါ်ထပ်ကနေခုန်ချလိုက်မိတယ်!

【လတ်စသတ်တော့ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း မေတ္တာသက်ဝင်နေသည်ကိုး】

တောင်‌အောက်ရှိ မြို့ထဲတွင် စျေးဆိုင်များနှင့် စည်ကားပျော်ပါးလျက်ရှိကြသည်။ ရှန်ချန်းလင်မှာ ပျော်ချင်ပါးချင်စိတ်လည်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ခေါင်းပေါ်ရှိ ခေါင်းဆောင်းက ဒုက္ခပေးနေသောကြောင့်ပင်။ လေတိုက်တိုင်း မျက်နှာပေါ် အုပ်သွားရုံတင်မကဘဲ ဟိုစူးသည်စူး ထိုးနေသေးသောကြောင့်ဖြစ်သည်။

"ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း နားနေမလား?"

သူ တစ်လျှောက်လုံး စိတ်ရှုပ်နေရသည်ကို သိနေသော ပေါင်တို့က ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် အကြံပေးလာသည်။

ရှန်ချန်းလင်က သဘောတူလိုက်တော့သည်။

ဒီခေါင်းဆောင်းကိုသာ ချွတ်ထားလို့ရမယ်ဆိုရင် လက်ဖက်ရည်ဆိုင်မပြောနဲ့ ဆောင်ကြာမြိုင်ဆိုလည်း ဝင်ရမှာပဲ.. လုံးဝ ပြဿနာမရှိဘူး!

နှစ်ဦးသားက ပြတင်းပေါက် အနားကပ်နေသော သီးသန့်အခန်းထဲတွင် ထိုင်ကာနေကြသည်။ ရှန်ချန်းလင်က ခေါင်းဆောင်းကို ချွတ်ပစ်လိုက်ပြီး‌နောက် ဝန်ပိနေသောအရာများကို ရှင်းထုတ်လိုက်သည့်နှယ် ဘာအတားအစီးမှမရှိတော့သော လောကကြီး၏ အလှအပများကို ခံစားမိလေသည်။

"သခင်လေး အရင်ထိုင်နေဦးနော်.. ကျွန်တော် အောက်ထပ်ဆင်းပြီး လက်ဖက်ရည်နဲ့ မုန့်ချိုလေးတွေ သွားမှာလိုက်ဦးမယ်"

ပေါင်တို့ကဆိုသည်။

"တခြား ဘာစားချင်သေးလဲ?"

"ပဲနီလေးမုန့်ပေါင်း"

ရှန်ချန်းလင်က ပြတင်းပေါက်ကို မှီကာ အပြင်ဘက်သို့ ငေးကြည့်နေသည်။

ဒီက ညဘက်ရှုခင်းက မဆိုးဘူးပဲ!

လက်ဖက်ရည်ဆိုင်၏ မျက်နှာချင်းဆိုင်တွင် သုံးထပ်အမြင့်ရှိသော သစ်သားအိမ်ဆောင် တစ်ဆောင်ရှိသည်။ ပျော့ပျောင်းနူးညံ့လှသော ရယ်သံမြူးသံလေးများကိုလည်း ကြားနေရသည်။ ဆိုင်နာမည်ကလည်း အတော်လေး ပျော့ပျောင်းနူးညံ့သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now