အခန်း (၆၆) ဘာများပြောချင်တာရှိသေးလဲ!

2.3K 296 9
                                    

အခန်း (၆၆) ဘာများပြောချင်တာရှိသေးလဲ!

သူရဲကောင်းရေ.. ချမ်းသာပေးပါ!

ခြံဝန်းထဲတွင် လက်အောက်ငယ်သားများလည်း များပြားလှရာ ရှန်ချန်းလင်၏ စိတ်အခြေအနေက အနည်းငယ် ထိန်းရခက်လှသည်။ သို့နှင့် ချင်‌ရှောက်ယွီသည် တွန်းထိုးရုန်းကန်နေသည်များကို ဂရုမထားဘဲ ဇွတ်အတင်းပွေ့ချီပြီး အိပ်ခန်းကို ပြန်သွားဖို့သာ တတ်နိုင်တော့၏------ တချို့သော ကိုယ်ရေးကိုယ်တာ ပြဿနာများသည် သီးသန့်ဆန်သော အသိုက်အမြုံထဲတွင် ပို၍ ဖြေရှင်းရလွယ်ကူသည်ပင်။

တကယ်ပဲကွာ!

လျှို့ဝှက်တပ်သားများသည် တစ်ပြိုင်နက် လက်သီးဆုပ်မိကြ၏။

သည်လိုအချိန်မျိုးမှာ ဘယ်လိုစကားမျိုးပဲပြောပြီး ဖြေရှင်း ဖြေရှင်း သိပ်ပျော့တာလေ!

သေချာပေါက် အရင်ဆုံး နံရံမှာ အတင်းဖိချုပ်ပြီး အတင်းနမ်းပစ်ရမယ်! ပြီးရင် ပူနွေးအိစိုနေတဲ့ နှုတ်ခမ်းနှစ်လွှာနဲ့ ပိုးပိုးပေါက်ပေါက် ကျလာတဲ့ မျက်ရည်တွေကို ခစားပေးရမှာ! အဲ့တာပြီးမှ ခုတင်ပေါ်ကို လှိမ့်တက်သွားပြီး တချို့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဟာတွေ လုပ်လိုက်ရင်.. ဒါကမှ အထင်လွဲမှားသွားတဲ့ အဖုအထစ်ကို ဖြေဖျောက်ဖို့ အဆင့်အမြင့်ဆုံး လက်နက်! ! ! !

ဂိုဏ်းချုပ် သေချာပေါက် ကြိုးစားရမယ်နော်! ကျားယို!

ကျွေးယင်နန်းသခင်ရဲ့ မျက်နှာကို အိုးမည်းမသုတ်မိစေနဲ့!

" ငါ့ကို လွှတ်! "

ရှန်ချန်းလင်က တစ်လျှောက်လုံး သူ့ကို ရိုက်နေသည်။

အိပ်ခန်းတံခါးကို ပိတ်ပြီးနောက်တွင် ချင်ရှောက်ယွီက သူ့ကို တစ်ခါတည်း ခုတင်ပေါ် ချပေးလိုက်သည်။

" ထွက်သွား! "

ရှန်ချန်းလင်သည် သူ့ကို ကြည့်ကိုမကြည့်ပေ။

ချင်ရှောက်ယွီမှာ မတတ်နိုင်စွာဖြင့် -

" အနည်းဆုံးတော့ ကိုယ့်ကို စကားပြောခွင့်လေး ပေးပါဦး "

" မင်းရဲ့ အဲ့သည် ဟူလီကျင်းကိုပဲ သွားရှင်းပြချေ! "

ရှန်ချန်းလင်၏ မျက်ဝန်းများ နီရဲတော့၏။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now