အခန်း (၉၉) ကိုကြီးနဲ့မရီး!....

617 110 14
                                    

အခန်း (၉၉) ကိုကြီးနဲ့မရီး! ....

အားလုံး အတူတူ ပြောင်းရွေ့နေကြမယ်

ဟိုးတောတောင်ထဲမှ ရွာငယ်လေး၌ ပုရစ်သံ၊ ဖားသံတို့ ကြားရသည်များနှင့် မတူစွာ ဤရွာငယ်လေးတွင်တော့ လူ့လောက၏ အငွေ့အသက်များ ပိုမိုများပြားလေသည်။ ညဘက်တွင် ရှန်ချန်းလင်သည် ခုတင်ပေါ်တွင် လှဲကာ ခေါင်မိုးထက်က လျှို့ဝှက်တပ်သားများ၏ တီးတိုးစကားသံကို နားစွင့်မိသည်။ ထိုအခါ ယခင်က နေထိုင်ခဲ့ဖူးသော နေ့ရက်အနည်းစုသည် အိပ်မက်ကမ္ဘာအလားပင် ထင်ရအောင် မစစ်မှန်တော့သကဲ့သို့။

"အိပ်တော့"

ချင်‌ရှောက်ယွီက သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကျီ!"

အမွေးလုံးလေးသည် ခုတင်ပေါ် ခုန်တက်လာပြီး တက်တက်ကြွကြွဖြင့် စောင်ပေါ်ငုတ်တုတ်ထိုင်လိုက်သည်။

အနက်ရောင်ပဲစေ့မျက်လုံးများက ဟိုဒင်းထက်တောင် လက်နေသေးသည်။

ချင်ရှောက်ယွီက မျက်မှောင်ကြုတ်သည်။ သူက ဇာမဏီငယ်လေးအား ဖမ်း၍ ပစ်ထုတ်မည်အလုပ်၊ ရှန်ချန်းလင်အက အရင် သူ့ကို တွန်းထုတ်ပြီး ဇာမဏီငယ်လေးကို ပွေ့ပိုက်လျက် အိပ်ခန်းထောင့်သို့ လှိမ့်သွားသည်။

.........

"ကျီ"

အမွေးလုံးသည် ရှန်ချန်းလင်၏ လက်ကို ခေါင်းဖြင့်တိုက်လျက် ပွတ်သပ်နေသည်။

မွှေးမွှေးအိအိလေးနဲ့ နူးညံ့ပျော့ပျောင်းနေတာပဲ----- လျှို့ဝှက်တပ်သားတွေက ခုနလေးတင် ရေချိုးပေးထားတာလေ!

ရှန်ချန်းလင်သည့် သူ့ခန္ဓာကိုယ်လေးအား ပွတ်သပ်ပေးရာ အင်မတန် လိမ္မာစွာ ငြိမ်နေတော့သည်။

ဂိုဏ်းချုပ်ချင်ကမူ အနောက်ကနေ ကြည့်ရင်း မျက်စိဆံပင်မွှေးစူးလာသည်။ ထို့နှင့် သူ့နောက်ကနေ ဖက်ထားကာ -

"လင်အာ"

"အင်?"

ရှန်ချန်းလင်၏ အသံက ပျင်းတိပျင်းတွဲလေးနှင့်။

ချင်ရှောက်ယွီက ပိုမို၍ ခပ်တင်းတင်း ဖက်လိုက်ပြီး -

"ကိုယ်တို့ သားကိုမယူတော့ဘူးလေ မကောင်းဘူးလား?"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now