အခန်း (၄၉) ညသန်းခေါင်ယံ၌လှုပ်ရှားခြင်း
[ထောင်ချောက်ဖြစ်နေရင်တောင် သွားရမှာပဲ!]
နေ့လယ်ခင်းလေးတွင် ဖြစ်သည်။ ငယ်သားများက ထမင်းဟင်း လာပို့ပေးသွားသည်။ ရှန်ချန်းလင်က စားပွဲဘေး၌ ထိုင်ကာ ပျင်းတိပျင်းတွဲ သမ်းဝေနေ၏။
" ကြင်ရာတော်လေး ဘာလို့ ထမင်းမစားတာလဲဟင်? "
လျှို့ဝှက်တပ်သားက အပေါက်ကနေ မေးသည်။
" တကယ်လို့ ခံတွင်းမတွေ့တာသာဆို ကျွန်တော် ချက်ချင်း ထပ်လုပ်ခိုင်းလိုက်မယ် "
" မလိုပါဘူး "
ရှန်ချန်းလင်က ခေါင်းခါပြသည်။
"သူရော? "
"ဂိုဏ်းချုပ်က အခုထိ လက်ဝဲရံတို့နဲ့ ဆွေးနွေးတိုင်ပင်နေတုန်းပဲ "
လျှို့ဝှက်တပ်သားက ပြောပြသည်။
" ကျွန်တော် ကြိုပြီး သွားအကြောင်းကြားထားလိုက်ရမလား? "
" မလိုပါဘူး "
ရှန်ချန်းလင်က လက်ကာပြ၍ -
" မင်းတို့ဘာသာ ထမင်းသွားစားကြလေ ၊ ငါ့ကို ဂရုမစိုက်နဲ့"
လျှို့ဝှက်တပ်သားများလည်း အမိန့်နာခံ၍ ထွက်သွားကြတော့သည်။
ရှန်ချန်းလင်ကတော့ "ဘာသာအရင်စားနှင့်ခြင်း" နှင့် "အတူတူစားမယ်လို့ပြောသွားမှတော့ စောင့်နေသင့်သည်" ဟူသော နှစ်ခုကြားတွင် ဇဝေဇဝါဖြင့် အကြာကြီး တွေးနေမိ၏။ နောက်ဆုံးတော့ တူကို ချ၍ စားပွဲပေါ်တွင် မှောက်ကာ စာအုပ်ပဲ ဖတ်နေလိုက်တော့လေသည်။
သို့နှင့် နှစ်နာရီကြာပြီးနောက် ချင်ရှောက်ယွီ ပြန်လာခဲ့ချိန်တွင် ရှန်ချန်းလင်မှာ စားပွဲပေါ်မှောက်လျက် အိပ်ပျော်နေလေ၏။ သူ့ရှေ့က စားပွဲနှင့်အပြည့် ဟင်းပွဲများကို တစ်လုတ်လေးမျှတောင် စားထားသော အရိပ်အယောင်မရှိပါချေ!
" လင်အာ "
ချင်ရှောက်ယွီက သူ့ကို ညင်ညင်သာသာလေး လှုပ်နိုးလိုက်သည်။
" ဘာလို့ စားပွဲပေါ်မှာ မှောက်အိပ်နေရတာလဲကွာ "
" မင်း ပြန်လာပြီလား "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း