အခန်း (၇၁) သိုင်းလောကထက် ပိုအရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်!

2.1K 266 22
                                    

အခန်း (၇၁) သိုင်းလောကထက် ပိုအရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်!

【ဥပမာဆို ဟိုဥစ္စာပေါ့!】

" ငါ တကယ်ကို သူ့ဆီက ဘာပစ္စည်းမှ မယူထားဘူး "

အိပ်ခန်းထဲသို့ ပြန်ရောက်သော် ရှန်ချန်းလင်သည် လက်မြှောက်၍ ကျိန်ဆိုကာ ပြောလေ၏။

" ဟုတ်လား? "

ချင်ရှောက်ယွီက မျက်ခုံးပင့်၍ ကြည့်နေသည်။

" သေချာပေါက် ဟုတ်တာပေါ့! "

ရှန်ချန်းလင်သည် အလွန်ပင် ထူးဆန်းစွာ -

" ချစ်သူလည်း မဟုတ်၊ ရန်သူလည်း မဟုတ်နဲ့ ငါက ဘာကိစ္စ သူ့ပစ္စည်းကို လက်ခံရမှာလဲ "

" အဲ့တာဆို သူခုနက ပြောတာ ဘာအဓိပ္ပါယ်လဲ? "

ချင်ရှောက်ယွီက ဆက်မေးတော့သည်။

ရှန်ရှောင်ရှို့သည် အမူအရာ လေးနက်တည်တင်းစွာဖြင့် -

" သေချာပေါက် ငါတို့ကို သွေးခွဲဖို့လုပ်တာပဲ ဖြစ်မယ်! "

အောက်တန်းကျလိုက်တာနော်!

" သြော်? "

ချင်ရှောက်ယွီ၏လေသံက မြင့်တက်သွားသည်။

" ဒါမှမဟုတ်လည်း ငါ အတိတ်မမေ့ခင်က ပေးထားတာဖြစ်မယ်။ ဖုန့်ကျိုယဲ့နဲ့ အတူတူပဲ "

ရှန်ချန်းလင်သည် အပီအပြင်ကို သူနှင့်ကင်းရှင်းအောင် ခွဲထုတ်ပစ်လိုက်၏။

" ဘာပဲဖြစ်ဖြစ် ငါ မသိဘူး! "

ပြတ်လိုက်တာမှနော်!

" ကြည့်ရတာ ရှောင်းကျမ်က မင်းအပေါ် စိတ်မပြတ်သေးဘူးပဲ "

ချင်ရှောက်ယွီက သူ့ပါးလေးကို ညှစ်ကာ ဆိုလာသည်။

" ယင်ဝူရွှမ်းလည်း မင်းအပေါ် စိတ်မပြတ်သေးပါဘူး၊ ပြီးတော့ သူက ပိုတောင် ဆိုးသေးတယ်၊ လူတွေအဲ့လောက် အများကြီးရှေ့မှာတောင် မင်းကို နံရံကျော်ဖို့ မြှူဆွယ်နေတာ! "

(*တရုတ်မှာ ဆီးပန်းပင် နံရံကျော်တယ်ဆိုတဲ့ စာလုံးရှိပါတယ်၊ အဲ့တာက ဖောက်ပြန်ဖို့လုပ်တယ် ဆိုတဲ့သဘောပါ။)

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now