အခန်း (၅၉၈) : ဗုဒ္ဓဘာသာနှင့် တာအိုဘာသာအပြိုင် အပိုင်း(၃)
ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိပြီးတဲ့နောက်မှာ တုယီနယ်ပယ်အဆင့်က တာအိုဆန္ဒကို အဆင့်မြှင့်နိုင်မလားမသိဘူး။ အနည်းဆုံးတော့ အတုအယောင်ပုံစံမျိုးလောက်ပေါ့...
ဝမ်ဝေ့က ဘုန်းကြီးဝူကျစ်နှင့် ကျန်းယွီချန်း၏ တုယီနယ်ပယ်တိုက်ခိုက်မှုကို ကြည့်ရင်း တွေးလိုက်မိသည်။ သူတို့နှစ်ဦးလုံးက ၉ဆင့်မြောက်တွင် ရှိကြ၏။ ထိုအရာက နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်ထားဖို့ ကြိုးစားသည့်သူအများစုအတွက် ပုံမှန်သာဖြစ်သည်။
နမူနာအားဖြင့် သူသည် သူတော်စင်အဆင့် ရောက်ကတည်းက ၈ဆင့်မြောက်တွင် ရှိနေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ သူက အဆင့်တစ်ခုချင်းစီကို ထူးခြားအောင် လုပ်ခဲ့သည့်အတွက် ၆ ဆင့်မြောက်သို့ ဝင်ရောက်နိုင်ခဲ့သည်။
လေဟာနယ်ဖြိုခွင်းခြင်းအဆင့်အတွက်မူ သူ့ပထမလူဝင်စား တူညီသည့် အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ၇ဆင့်မြောက်သို့ ရောက်ရှိခဲ့သည်။ ထိုအရာမှာ သူ့စည်းမျဉ်းပလ္လင် သို့မဟုတ် စည်းမျဉ်းသစ်ပင် နှစ်ခုလုံး ရှိထားပြီဖြစ်၍ လူဝင်စားများက သူ့တည်ရှိမှုမှ တဆင့် ဆက်နွယ်ထားကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း ယခင်က သူသည် လူဝင်စားများ၏ စွမ်းအားကို ငှားယူခြင်း သို့မဟုတ် ပေါင်းစည်းပြီးသည့်နောက်တွင်ပင် တုယီနယ်ပယ် ၇ဆင့်မြောက်သာ အသုံးပြုနိုင်၏။ ဝမ်ဝေ့၏ ပင်မခန္ဓာကိုယ်က သူ့စည်းမျဉ်းသစ်ပင် ပြောင်းလဲသွားပြီးသည့်နောက်တွင် ၇ဆင့်မြောက်သို့ အမှန်တကယ် ဝင်ရောက်သွားသည်။
သူတော်စင်အဆင့်၏ ထူးခြားမှုက သူ့တွင် ပိုင်နက် ၉ခု ရှိထားပြီး ထိုပိုင်နက်များက ၁.၂၆၉သန်း ကီလိုမီတာ ကျော်လွန်နေခြင်း ဖြစ်၏။ ထိုအရာက သူ့ဘိုးဘေးများ ဟောပြောပို့ချပြီးသည်ကို နားထောင်ပြီးသည့်နောက်တွင် ဖြစ်သည်။
ဒဿမအဆုံးစွန်အုတ်မြစ်ကို ရရှိပြီးနောက် တုယီနယ်ပယ်၏ အနာဂတ်နှင့် ပတ်သက်သည့်အခါ ဝမ်ဝေ့က မည်သို့ဖြစ်လာမည်မှန်း မသိပေ။ သူက ထိုအုတ်မြစ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရှိထားပေ။ အကြောင်းမှာ မည်သူကမှ ထိုအဆင့်ကို မရောက်ဖူးကြပေ။ အနည်းဆုံးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ဖြစ်၏။