အခန်း(၆၉၆)

20 1 0
                                    


အခန်း (၆၉၆) : ဖရိုဖရဲ အခြေအနေ အပိုင်း(၅)

အောင်းရှန်က အသက်ရှည်လမ်းစဉ်ကမ္ဘာမှ လူများနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။ သူတို့တိုက်ပွဲက လက်ရည်တူနေလေ၏။ သူက နဂါးအသွင်ကို ထုတ်သုံးမထားဘဲ အင်အား ၈၀ ရာခိုင်နှုန်းမျှသာ ထုတ်သုံးထားသော်လည်း တစ်ဖက်လူကလည်း ဝှက်ဖဲများ ချန်ထားဟန်ပေါ်သည်။

ဒီလူက ပါရမီရှင်ပဲ...

သူက တွေးလိုက်မိ၏။ ထိုတွေးမိသည့် အကြောင်းအရင်းမှာ တစ်ဖက်လူသည် သန့်စင်ချီစွမ်းအင် နည်းစနစ်ကို အသုံးပြုပြီး သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့၍ ဖြစ်သည်။ ထိုသူတွင် စည်းမျဉ်းကို ကိုင်စွဲထားခြင်း သို့မဟုတ် အားကောင်းသည့် ခန္ဓာကိုယ်မျိုးလည်း မရှိပေ။ ထို့အပြင် ထိုအရာက ရှားပါးကာ အားကောင်းလှသည့် ဖျက်ဆီးရေးချီကဲ့သို့လည်း မဟုတ်ပေ။

တစ်ဖက်လူက သူ့အတွင်းအားကို အသုံးပြုကာ ဓာတ်ငါးပါးနှင့် ယင်ယန်ချီအဖြစ် ပြောင်းလဲလိုက်သော်လည်း ထာဝရအရှင် တိုက်ခိုက်စွမ်းရည်ကို ရယူထားနိုင်သည်။

အောင်းရှန်းက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ကျန်သူများကိုလည်း လက်ဟန်ပြလိုက်၏။

"တာအိုရောင်းရင်းတို့ ဒီတိုက်ပွဲက အကျိုးမရှိမှန်း သိသာနေတာပဲ။ ကျုပ်တို့ ရပ်လိုက်ကြရအောင်လား"

"ကျုပ် မလုပ်နိုင်ဘူး။ ကျုပ်က ထာဝရအထွတ်အထိပ် အမွေအနှစ်ကို လိုအပ်တယ်" အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည် ရှိထားသည့် လူငယ်လေးက ပြောလိုက်၏။ ထိုသူ့ဝန်းကျင်တွင် မသေမျိုးလေထုမျိုး ရှိနေလေ၏။

"တာအိုရောင်းရင်းရဲ့ နာမည်က ဘယ်သူများပါလဲ"

"တောင်တန်းနဲ့ ပင်လယ်ဂိုဏ်းက ကျူးထောင်ပါ"

"ဒီအမွေအနှစ်က ထောင်ချောက်မှန်း သိတာကို တာအိုရောင်းရင်းအနေနဲ့ ဘာလို့ လိုချင်နေမှန်း မသိတော့ဘူး"

ကျူးထောင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် ပြန်ဖြေလိုက်၏ "သန့်စင်ချီလမ်းစဉ်ရဲ့ အားနည်းမှုကြောင့် ကျုပ်တို့ကမ္ဘာက ထာဝရဧကရာဇ်နှစ်ပါးကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ ထာဝရအထွတ်အထိပ် တစ်ယောက်မှ မရှိဘူး။ ကျုပ်က တတိယမြောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ထာဝရအထွတ်အထိပ် ဖြစ်လာဖို့ ယုံကြည်ချက် မရှိဘူး။"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora