အခန်း(၆၆၄)

26 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၆၄) : သတ်ဖြတ်ရေးတာအိုကို တိုးမြှင့်ခြင်း

" သူ အဆင်ပြေမယ်ဆိုတာကို သိပေမဲ့ ကျုပ်တို့တွေ ပိုပြီးတော့ သတိမထားသင့်ဘူးလား" ထျဲ့ကန်က လီကျွင်း ရန်သူနောက်ကို လိုက်သွားသည်ကို ကြည့်နေရင်း ပြောလိုက်သည်။

" ငါတို့တွေ သတိထားပါတယ်" ယန်းလီလင်းက ပြောလိုက်၏။ နောက်ဆုံးတွင် ထျဲ့ကန်က ဝမ်ကျူ မရှိတော့ကြောင်း သဘောပေါက်သွားကာ အကြည့်များက လင်းလက်တောက်ပသွား၏။

လီကျွင်းက သူ့ကို ဝိုင်းထားသည့် လူလေးယောက်ကို ကြည့်လိုက်သည်။ သူ့အနီရောင်ဆံပင်များက လေနှင့်အတူ မျောလွင့်နေပြီး လှံကို ပုခုံးပေါ် ထမ်းထားလေသည်။

" အဲဒါဆိုတော့ မင်းတို့က ဘာတွေလဲ"

ပျင်းရိခြင်းစစ်သူကြီး (၁)က ဆိတ်ဦးချိုနှင့် လက်သည်းများရှိသည့် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ပျင်းရိခြင်း စစ်သူကြီး(၂)က အရိုးဖြင့် ပြုလုပ်ထားသည့် အနက်ရောင် တောင်ပံများရှိကာ မြွေခေါင်းတစ်ခုလည်း ရှိသည်။ စစ်သူကြီး(၃)ကမူ နွားရိုင်းဦးခေါင်းနှစ်ခုရှိထားပြီး ၅မီတာ မြင့်မား၏။ စစ်သူကြီး (၄)ကမူ ခေါင်းမဲ့ လူသားတစ်ဦး ဖြစ်သည်။

" အဖြေမရှိဘူးလား" လီကျွင်းက ပြောလိုက်၏။ "အဲဒါဆိုတော့ ငါတို့တွေ ခက်ခက်ခဲခဲ လုပ်ရတော့မှာပေါ့"

စစ်သူကြီး(၄)က မီတာ ၃၀အထက် မြင့်မားသည့် ဧရာမသတ္တဝါကြီးအဖြစ် ပြောင်းလဲကာ စတင်တိုက်ခိုက်လိုက်သည်။ ထိုတိုက်ကွက်က အရွယ်အစားနှင့် ယှဉ်လိုက်လျှင် ရယ်စရာကောင်းနေ၏။ သို့သော်လည်း လီကျွင်းက သူ့လှံထိပ်ဖျားဖြင့် အလွယ်တကူ တားဆီးလိုက်သည်။ သူက နာကျင်မှုမှတဆင့် ခန္ဓာကိုယ်ကို လေ့ကျင့်နေခြင်းအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ လီကျွင်း၏ ရည်မှန်းချက်က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ခန္ဓာကိုယ်သန့်စင်ခြင်းတွင် ကမ္ဘာဦးနဂါးတစ်ကောင် ခွန်အားသို့ ရောက်ရှိဖို့ရာ ဖြစ်၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVМесто, где живут истории. Откройте их для себя