အခန်း(၆၀၆)

32 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၀၆) : အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

" ရှောင်ဝေ့ ... မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်"

" ဟုတ်ကဲ့ပါ ဒေါ်လေးလီ"

" ဒါက မင်းအတွက်" လူလတ်အရွယ်အမျိုးသမီးက ကြေးပြားအနည်းငယ်ပါသည့် အိတ်ငယ်လေး ပေးလာသည် " ဒါက ဘယ်လောက်မှမဟုတ်ပေမဲ့ မင်းအတွက် အကူအညီ ဖြစ်မှာပါ"

" ကျေးဇူးပါ" ဝမ်ဝေ့က တိုက်ရိုက် လက်ခံလိုက်၏။ သူ့ငြင်းဆန်မှုကို သူမက လက်မခံမည်မှန်း သိနေလေသည်။ ထို့အပြင် ဤပမာဏအနည်းငယ်ဖြင့် သူမသည် မထိခိုက်မနစ်နာကြောင်း သိထား၏။ သူ ခိုးယူထားသည့် တိရစ္ဆာန်များနှင့် ဟင်းသီးဟင်းရွက်ဖိုးကို ပြန်လည်ပေးဆပ်ဖို့ သူက ရွာနှင့် ဆက်ဆံရေးကို မျှဝေလိုပြီး စိုက်ပျိုးရေးအကြောင်း ဗဟုသုတတချို့ကို မျှဝေပေးခဲ့ကာ အထွက်နှုန်း ပိုမိုကောင်းမွန်စေခဲ့သည်။

" လိမ္မာတဲ့ ကောင်လေး" ဒေါ်လေးလီက ရှောင်ဝေ့သည် တခြားကောင်လေးများလို မဟုတ်ဘဲ ဘယ်အချိန်တွင် အကူအညီ လက်ခံရမည်ကို သိကာ ဘယ်အချိန်တွင် ငြင်းပယ်ရမည်မှန်း သိထား၍ သဘောကျသည်။

တခြားသော ရွာသားများကလည်း သူ့အား လာရောက်နှုတ်ဆက်ကာ လက်ဆောင်များ ပေးကြ၏။ တချို့က ပိုက်ဆံ ပေးလာကြသလို သူတို့မိသားစုမှ ရှိသည့် ပစ္စည်းတချို့လည်း ပါလာကြသည်။ သူတို့က ထိုအရာများသည် ကံကောင်းမှုနှင့် ကြွယ်ဝမှုကို ဆောင်ကျဉ်းပေးလိမ့်မည်ဟု ယုံကြည်ထားကြ၏။

ဝမ်ဝေ့က အားလုံးကို ကျေးဇူးတင်လိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။

ထို့နောက် သူက သစ်ပင်ရစ်နွယ်မြို့ဆီ ခေါ်ဆောင်သွားမည့် လှည်းတန်းပေါ် တက်လိုက်သည်။ ထိုမြို့က မဟာလုတိုင်းပြည်၏ အလယ်အလတ်အရွယ် မြို့တစ်မြို့ဖြစ်သည်။ ခရီးစဉ်က လဝက်တာ ကြာမြင့်မည်ဖြစ်ကာ လမ်းခရီးတွင် သူတို့က ဓားပြတချို့နှင့်ပင် တွေ့ခဲ့ရသေးသည်။ သို့သော်လည်း ကုန်အဖွဲ့က လက်နက်များ တပ်ဆင်ထားသည့် အစောင့်အကြပ်များ ရှိသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now