အခန်း(၆၉၁)

38 3 0
                                    


အခန်း (၆၉၁) : ယင်ကန်း၏ လမ်းစဉ်

ယင်ကန်းက သူ့ဘေးနားမှ လူများကို ကြည့်လိုက်၏။ သူက အရေအတွက် နည်းနေသော်လည်း စိတ်ထဲ မထားပေ။ သူ့အကြည့်များက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။ သူက မိစ္ဆာသွေးကို စုပ်ယူပြီးသည့်နောက် ကောင်းကင်ဖုတ်ကောင် ပညာရပ်တွင် တိုးတက်မှုတချို့ ဖြစ်လာခဲ့သည်။ သူ့အရေပြားက မီးခိုးရောင်မှ နဂိုအခြေအနေသို့ ပြန်ရောက်လုနီးပါး ဖြစ်နေလေပြီ။

"သူ့ကို သတ်ကြ" နောက်တွင်ရှိသည့် တပည့်တစ်ဦးက အမိန့်ပေးလိုက်သည်။ ထို့နောက် တပည့်များက သူတို့လက်ကို ဝှေ့ကာ နတ်ဆိုးသားရဲများစွာကို ဆင့်ခေါ်လိုက်ကြသည်။ အထူးသဖြင့် သူတို့၏ အရေအတွက်ကို သိသိသာသာ တိုးမြင့်သွားစေ၏။ နတ်ဆိုးသားရဲများက တိုက်ခိုက်လာကြသည်။ တချို့က ယင်ကန်းကို ဆွဲဖြဲပစ်ဖို့ တိုက်ရိုက်ခုန်ဝင်သွားကြပြီး တချို့က အဝေးတိုက်ကွက်များဖြင့် တိုက်ခိုက်နေကြသည်။ အထူးသဖြင့် ဓာတ်သဘာဝ တိုက်ကွက်များ ဖြစ်၏။

ဘန်း

တိုက်ကွက်က သူ့ဆီ ကျဆင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်စီးသွားသည်။ သို့သော်လည်း သူက အကောင်းအတိုင်း ရှိနေသေး၏။

"အခု ငါ့အလှည့်ပဲ"

သူ့လက်က အနက်ရောင် ပြောင်းလဲသွားပြီးသည့်နောက် လက်သည်းများ ထွက်ပေါ်လာသည်။ ယင်ကန်းက အနီးဆုံးသားရဲဆီ ပြေးဝင်ကာ နှစ်ပိုင်း ပိုင်းပစ်လိုက်၏။ သူက နောက်ထပ် လက်တစ်ခုဖြင့် ဦးနှောက်ကို ထိုးဖောက်လိုက်သည်။

ယင်လက်သည်း

သူ့လက်မှ အပြာဖျော့ဖျော့ လက်သည်းတစ်စုံ ထွက်ပေါ်လာပြီး သူ့နားတွင် ရှိသမျှ အရာအားလုံးကို ချေမွပစ်ကာ သွေးစီးကြောင်းရာသာ ချန်ထားခဲ့သည်။

ဂျွတ်

အရိပ်သားရဲတစ်ကောင်က ယင်ကန်း၏ အနောက်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာကာ သူ့ပုခုံးကို ကိုက်ခဲလိုက်၏။ အနည်းဆုံးတော့ ဤသည်က နဂိုရည်ရွယ်ချက် ဖြစ်၏။ သို့သော် ထိုအစီအစဉ်အစား သားရဲ၏ သွားများက ယင်ကန်း၏ ခန္ဓာကိုယ်ကြောင့် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် သူက ပုခုံးကို အသာအယာခါလိုက်သည့်အခါ သားရဲက သွေးဘောလုံးအဖြစ် ပေါက်ကွဲထွက်သွားသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVOù les histoires vivent. Découvrez maintenant