အခန်း(၇၀၃)

29 2 2
                                    


အခန်း (၇၀၃) : မူလစည်းတံဆိပ်ကုန်းမြေ

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ

အရှေ့ဘက်၌ ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးထက် အဆရာချီ ကြီးမားသည့် ဧရာမကုန်းမြေကြီးတစ်ခု ရှိနေလေသည်။ ထိုအရာကို မူလစည်းတံဆိပ် ကုန်းမြေဟု သိကြ၏။ ထိုနေရာတွင် အသက်မြောက်များစွာ နေထိုင်ကြပြီး သေမျိုး၊ နတ်ဆိုးနှင့် ဧကရာဇ်များပင် အပါအဝင်ဖြစ်ကာ မျိုးနွယ်စုများစွာ ရှိလေသည်။

မူလစည်းတံဆိပ်ကုန်းမြေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် နာမည်ကျော်ကြားခြင်းမှာ နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်းတို့၏ ထိန်းချုပ်မှုမခံရသည့် နေရာတချို့ထဲမှ တစ်ခုဖြစ်နေ၍ ဖြစ်သည်။

ထို့အပြင် ဤကုန်းမြေ၏ အုပ်ချုပ်သူက သက်ရှိအားလုံးကို အကာအကွယ် ပေးထားသည့် ဧကရီဝူ ဖြစ်၏။ မူလစည်းတံဆိပ်ကုန်းမြေ၏ ထူးခြားသည့် သီးသန့်နေရာတစ်ခုအတွင်း ဝူဟုန်က အကြည့်များ စူးရှနေသော်လည်း အသားအရည် ဖြူဖျော့နေသည့် မိန်းမလှတစ်ဦးကို ကြည့်နေသည်။

"ဘယ်လိုနေသေးလဲ"

"ငါ အသက်ရှင်မှာပါ" ဓားဧကရီက အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏။

"ကျွန်ကို စောစောစီးစီး လာတွေ့သင့်တယ်"

"ငါ ပုန်းအောင်းနေတဲ့ နေရာက အတော်လေး ပြည့်စုံတယ်။ အဲဒီခွေးကောင် ငါ့ကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားမိဘူး" ဓားဧကရီက အံကြိတ်ကာ ပြောလိုက်၏။ သူမက ထိုလူဆီမှ မည်မျှထွက်ပြေးခဲ့ရကြောင်း တွေးမိသည့်အခါ သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။ ထိုအရာက ပြင်းထန်လွန်း၍ ပတ်ဝန်းကျင်ရှိ ကာလံဒေသံကိုပင် ရပ်တန့်သွားစေဟန်ပေါ်၏။

"သူ့ကို သတ်ပစ်ချင်တယ်"

"စိတ်အေးအေးထားပါ။ ဘာမှအလျင်စလိုမလုပ်နဲ့" ဝူဟုန်က ဖျောင်းဖျလိုက်၏။ သူမ၏ မိတ်ဆွေသာ အဆုံးစွန်နည်းလမ်းများကို အသုံးပြုပါက အချိန်စားသုံးသူကို အဆုံးသတ်ပစ်နိုင်ကြောင်း သိထားလေသည်။ သို့သော်လည်း ရလဒ်က သူမသည် သေဆုံးသွားတာ ဖြစ်နိုင်သလို မပြီးမပြတ် အခြေအနေသို့ ဝင်ရောက်သွားခြင်းလည်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင်ပင် ပြန်လည်ရှင်သန်ခြင်းက အဆရာချီ ပိုမိုခက်ခဲလာလိမ့်မည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now