အခန်း(၆၈၃)

36 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၈၃) : နောက်ထပ်အပေးအယူ

မိန်းမလှတစ်ဦးက အာကာပြင်မုခ်ပေါက်မှ ထွက်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူမ၏ တည်ရှိမှု သို့မဟုတ် အလှတရားက သူမ ရပ်နေသည့်မြေကြီး၊ မြောလွင့်နေသည့် တိမ်တိုက်နှင့် ရှူသွင်းလိုက်သည့် လေများကိုပင် မှေးမှိန်သွားစေ၏။

သူမ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ စိတ်ထဲ နဖူးအပေါ်တွင် အနီရောင်အမှတ်အသား ရှိသည့်လူများကို အမဲလိုက်ဖို့ရာအတွက် သတင်းအချက်အလက် ပေါ်ပေါက်လာသည်။

"ဘာတွေဖြစ်နေတာလဲ" ရှုရှစ်က ရေရွတ်လိုက်၏။ သိပ်မကြာသေးခင်က ကမ္ဘာတွင် ထာဝရအထွတ်အထိပ် တစ်ယောက်၏ အမွေအနှစ်ရှိသည့် လျှို့ဝှက်နယ်မြေအကြောင်း အံ့မခန်း အလျင်နှုန်းဖြင့် ပျံ့နှံ့လာသည့်အတွက် ကောင်းကင်ရွေးချယ်ခံများက သူတို့ကိုယ်တိုင် သွားရောက်စစ်ဆေးလိုကြ၏။

ပထမဦးစွာ ရှုရှစ်က သူမ၏ ကမ္ဘာဦးဟွင်သွမ်း ကျင့်စဉ်သည်လည်း ထာဝရအထွတ်အထိပ်အဆင့် ကျမ်း ဖြစ်သည့်အတွက် စိတ်မဝင်စားပေ။ သို့သော် သူမ၏ ကမ္ဘာမှ တစ်ယောက်ယောက် ရယူသွားမည်ကို မလိုချင်သည့်အတွက် လာရောက်စစ်ဆေးကြည့်ခြင်း ဖြစ်၏။ လျှို့ဝှက်နယ်မြေဖွင့်ပြီးသည့်နောက် သိပ်မကြာခင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက အားလုံးကို ဤနေရာသို့ ခေါ်ဆောင်လာပြီး နဖူးပေါ်တွင် အနီရောင်အမှတ်အသား ရှိသည့်လူများကို သတ်ဖို့ရာ ပြောနေသည်။

ရှုရှစ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိနေ၏။ လျှို့ဝှက်နယ်မြေတစ်ခုလုံး၏ အခြေအနေက အလျင်လိုနေကာ သံသယဖြစ်ဖွယ် ကောင်းနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အနောက်မြောက်ဘက်သို့ ဦးတည်လိုက်၏။ ရှုရှစ်၏ စိတ်ထဲ အနီရောင်အမှတ်အသား ရှိနေသည့် အနီးဆုံးလူကို ပြနေသည့် မြေပုံတစ်ခုလိုမျိုး ရှိနေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ထိုလူကို မြင်လိုက်ရ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVحيث تعيش القصص. اكتشف الآن