အခန်း(၆၀၂ )

42 3 0
                                    


အခန်း (၆၀၂) : အခွင့်အရေးသမား

" ဟား...ဟား...ဟား...ကံကြမ္မာခေတ်ကာလရဲ့ သားတော်တဲ့။ ကောင်းတယ်။ ကောင်းတယ်။ တကယ်ကို သတင်းကောင်းပဲ" ဝမ်ဝူချန်က ရုတ်တရက် မှော်ဆန်ဆန် ပေါ်ထွက်လာပြီးသည့်နောက် ပြောလိုက်သည်။ သူက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပျော်နေ၏။

" ဟုတ်ပြီ" ဝမ်ဝေ့က မထူးမခြားနား ပြောလိုက်သည်။

" မင်းက ဘာလို့ မပျော်ရတာလဲ"

" ကျွန်တော်က ပျော်ရမှာလား"

" ခေတ်ကာလရဲ့ သားတော်အနေနဲ့ ကြားထဲ ထူးကဲတာ တစ်စုံတစ်ခု ဖြစ်မလာဘူးဆိုရင် မင်းက ထာဝရဧကရာဇ်ဖြစ်ဖို့ ကံကြမ္မာဖန်လာတာပဲလေ"

" အဲဒါမရှိဘဲနဲ့ ကျွန်တော်က ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသား"

" ဘယ်တူပါ့မလဲ"

" အတူတူပါပဲ"

ဝမ်ဝူချန်က ခေါင်းခါကာ " မင်းက ခေတ်သစ်ကို ဦးဆောင်ရမဲ့အချက်ဆိုရင်ရော "

" အဲဒါမပါလည်း ကျွန်တော်က ခေတ်သစ်ကို ဦးဆောင်ဦးမှာပါ။ အရှင်းဆုံးပြောရရင် ကောင်းကင်တာအိုက ကျွန်တော်ဆီ ဒီဂုဏ်ပုဒ်ကို ပေးတာက ဒီကမ္ဘာကို အကောင်းဘက် ပြောင်းလဲချင်တဲ့လူထဲက တစ်ယောက်ဖြစ်နေမှန်း သိလို့ပဲ"

အကယ်၍ ကောင်းကင်တာအိုက အတွေးအခေါ်နှင့် အပြောင်းအလဲ အလိုဆန္ဒအပေါ် မူတည်၍ ခေတ်ကာလကို ဦးဆောင်မည့်သူ နှစ်ယောက်ကို ရွေးချယ်ခဲ့လျှင် ဝမ်ဝေ့နှင့် ဟို့ဖုန်းဟွမ်က အရည်အချင်း ပြည့်မှီလိမ့်မည်။ သူတို့က ကမ္ဘာကြီးကို ပြောင်းလဲမည့် ရည်ရွယ်ချက်ကို သယ်ဆောင်ထားကြ၏။

သို့သော်လည်း ဟို့ဖုန်းဟွမ်က ရှေးဟောင်းမျိုးနွယ်ဘက်ကို မျက်နှာလိုက်ပြီး သူမ၏ နည်းလမ်းများက ကောင်းသည်ထက် အဆိုး ပိုဖြစ်နေနိုင်သည်။

" ဂုဏ်ပုဒ်က တရားဝင်လုပ်ပေးလိုက်သလိုပါပဲ" ဝမ်ဝေ့က ပြောလိုက်သည်။

" မင်းက မပျော်ဘူးဆိုပေမဲ့ ငါနဲ့ တခြားသူတွေက အရမ်းကို စိတ်လှုပ်ရှားနေကြတာ။ ဒီဂုဏ်ပုဒ်ရယ်၊ ခေတ်ကာလရဲ့ စိတ်ဝိညာဉ်ရယ်ဆိုရင် ငါတို့တွေ ဧကရာဇ်ကိုးပါးကျိန်စာကို စိုးရိမ်စရာ မလိုတော့ဘူး"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVTempat cerita menjadi hidup. Temukan sekarang