ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၆) : သေမျိုးတဖန် အပိုင်း(၅)
မျိုးရိုးဗီဇနည်းပညာ၏ ကန့်သတ်ချက်ကို စူးစမ်းရှာဖွေခြင်း
မျိုးရိုးဗီဇ ခွဲဖြာမှု၏ အနာဂတ် စိန်ခေါ်မှု
မျိုးရိုးဗီဇဆိုင်ရာ ဆေးဝါးလမ်းစဉ်
မျိုးရိုးဗီဇမျိုးရိုး အမြုတေကို ရှာဖွေတွေ့ရှိမှု
မျိုးရိုးဗီဇနှင့် စွမ်းအင်သက်ရှိများကြားမှ ဆက်နွယ်မှု
ယခင် ငါးနှစ်အတွင်း မရပ်မနား သုတေသနများဖြင့် ဒေါက်တာဝမ်ဝေ့သည့် လူများစွာ၏ မျိုးရိုးဗီဇနားလည်နိုင်စွမ်းအပေါ် ပြောင်းလဲခဲ့သည်။ သူ၏ မျိုးရိုးဗီဇ ဆေးဝါးတွေ့ရှိခြင်းက မျိုးရိုးဗီဇ စစ်သည်တော် ဖြစ်လာခြင်း၏ အခက်အခဲကို လျှော့ချနိုင်ခဲ့သည့်အတွက် ဂြိုလ်ပေါ်တွင် ဆင့်ကဲပြောင်းလဲမှု ခေတ်သစ်တစ်ခုကို ဆောင်ကျဉ်းလာခဲ့သည်။
ကံဆိုးစွာဖြင့် လူသားမျိုးနွယ်အတွက် ကောင်းချီးဟု ယူဆရသည့် ထိုသို့သော ပါရမီရှင်က ဤသေမျိုးကမ္ဘာတွင် ကြာကြာမနေနိုင်ပေ။ နတ်ဘုရား သို့မဟုတ် ကောင်းကင်ဘုံက သူ့ပါရမီကို အားကျမနာလိုဖြစ်ကာ ဤသို့သော ရောဂါမျိုးဖြင့် ကျိန်စာတိုက်ထားဟန်ပေါ်၏။
အဟွတ် ဟွတ်
ဝမ်ဝေ့က နှုတ်ခမ်းထောင့်မှ သွေးများကို တစ်သျှူးဖြင့် သုတ်လိုက်သည်။
" ဒေါက်တာဝမ်ဝေ့ အဆင်ပြေရဲ့လား" လက်ထောက်တစ်ယောက်က လာမေးလေသည်။
" ငါ အဆင်ပြေတယ်" ဝမ်ဝေ့က ပြန်ပြောလိုက်၏။ သူ့အသားအရည်က တစ္ဆေတစ်ကောင်ထက်ပင် ဖြူဖျော့နေသည်။ သူက ကွန်ပျူတာ၏ ရလဒ်ကို ကြည့်နေရင်း စားပွဲပေါ်မှ ဆေးများကို ထုတ်ကာ မျိုချလိုက်သည်။
သူက ထပ်မံ ချောင်းဆိုးလာသော်လည်း ယခင်ထက်စာလျှင် ပိုမိုခြောက်သွေ့နေ၏။ သူ့ဖုန်းက ရုတ်တရက် မြည်လာသည့်အတွက် သူက ဘယ်သူလဲဟု သိသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည် " အမေ ကျွန်တော် ပြောတယ်လေ..."