အခန်း(၆၂၅)

40 4 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၂၅) : စုဝေးခြင်း

ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို ကြည့်လိုက်သည်။ ခေတ်မီသည့် အဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းသော ကမ္ဘာတစ်ခု မရှိတော့ပေ။ သူက ငှက်များ ပြောင်းရွှေ့သလိုမျိုး ကောင်းကင်ကို လွှမ်းမိုးထားသည့် အာကာသယာဉ်များကိုလည်း မမြင်ရပေ။ ထိုအစား ကောင်းကင်က မှုန်မှိုင်းမှိုင်း မီးခိုရောင်ဖြစ်ကာ တစ်ကမ္ဘာလုံးက စိတ်ဓာတ်ကျသည့် လေထုမျိုး ဖုံးလွှမ်းနေ၏။

သူက နေရာအနှံ့အသီးသီးမှ အက်ကြောင်းများကို မြင်လိုက်ရသည်။ နေရာအများစုက တောအုပ်များ၊ မြစ်များနှင့် လူဦးရေထူထပ်သည့် မြို့များအပါအဝင် အားလုံး ပျက်စီးနေသည်။ အသစ်စတင်လာခါစ လူမှုအဖွဲ့အစည်းတချို့တော့ ရှိဟန်ပေါ်၏။

မျိုးရိုးဗီဇစစ်သည်တော်များကလည်း ယခုအခါ ရှားပါးသွားပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် ယှဉ်နိုင်ကြသည့် အားကောင်းသည့် သူတချို့က ကမ္ဘာအနှံ့မှ နေရာအသီးသီးကို အုပ်စိုးထားကြသည်။ သိပ္ပံပညာရှင်များက ယခုအခါ တန်ဖိုးအရှိဆုံးဖြစ်ပြီး အင်အားစုအသီးသီးမှ လုယက်နေရသည့်သူများ ဖြစ်လာသည်။

သို့သော်လည်း သူတို့က အာဏာ မရှိတော့ဘဲ သုတေသနသာ လုပ်ဖို့ အတင်းအကြပ် ဖိအားပေးခံရသည်။ သူတို့က အိမ်တွင် အကျယ်ချုပ် ဖမ်းမိထားသလိုမျိုး ဖြစ်နေ၏။

" ဒီတိုက်ကွက်က တကယ်ကို ကြီးကြီးမားမား သက်ရောက်စေခဲ့တာပဲ" ဝမ်ဝေ့က ရေရွတ်လိုက်သည်။ မူလသိပ္ပံနှင့် နည်းပညာကမ္ဘာသည် အလယ်အလတ်ကမ္ဘာမျှသာ ဖြစ်၏။ ဝမ်ဝေ့က ထိုအရာ၏ မိုးမြေစည်းမျဉ်းများကို ထိန်းချုပ်ကာ ကမ္ဘာကို ချဲ့ထွင်ခဲ့သော်လည်း အဆီအနှစ်အရ အလယ်အလတ်ကမ္ဘာသာ ဖြစ်နေ၍ ကျိုးပဲ့လွယ်နေသည်။

မဟာဧကရာဇ် နှစ်ယောက်က အားအပြည့်ဖြင့် တိုက်ခိုက်လာသည့်အခါ သူတို့က ကမ္ဘာကို ဖျက်ဆီးခဲ့ပြီး လူဦးရေ ၉၉ ရာခိုင်နှုန်းကျော် သေဆုံးသွားရသည်။ ဝမ်ဝေ့ သီးသန့်ကျင့်ကြံနေသည့် နှစ်သုံးရာအတွင်း လူမှုအဖွဲ့အစည်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now