အခန်း (၆၁၇)

29 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၁၇) : ဓားအရှင်

" ဒါကဘာလဲ" ဓားအရှင်က မေးလိုက်သည်။

" သိုလှောင်လက်စွပ်ထဲမှာ ကုရွှမ်ဆီက ရထားတဲ့ ပထမတန်းစား ဆန့်ကျင်ချီမျှင် နှစ်ခုပါပြီးတော့ အဆောင်ကတော့ ဘိုးဘေးက အဖေအတွက် ချန်ခဲ့တဲ့ဟာပါ။ ဒါပေမဲ့ အကြီးအကဲဓားကလည်း ဓားသမားတစ်ယောက်ဆိုတော့ အကျိုးရှိလောက်တယ်"

ဓားအရှင်က သိုလှောင်လက်စွပ်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် တုံ့ဆိုင်းနေမိသည်။ စိတ်ထဲ လွန်ဆွဲပြီးသည့်နောက် သူမက ခေါင်းအသာခါကာ " ဘိုးဘေးက မင်းအဖေကို ပေးတာလေ။ ငါက ယူပိုင်ခွင့်မရှိပါဘူး"

" သူ သေမျိုးတစ်ဖန်ကနေ ပြန်ရောက်မလာခင် အသုံးပြုထားလို့ရပါတယ်။ ပြီးတော့ ဘိုးဘေးက တခြားသူတွေကို မပြရဘူးဆိုပြီးတော့ တားဆီးထားတာမျိုးလည်း မရှိဘူးလေ။ လီကျွင်းနဲ့ ယန်းလီလင်းတို့လည်း ကျွန်တော်နဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ အဲလိုမျိုး အတူတူလုပ်မယ်ဆိုတာ သေချာတယ်"

ထိုနှစ်ယောက်ကလည်း တစ်ကိုယ်ကောင်းမဆန်သလို အဖိုးတန် အရင်းအမြစ်များအား ဂိုဏ်း၏ အကြီးအကဲများနှင့် မျှဝေပေးချင်ကြောင်း သိထားလေသည်။ အထူးသဖြင့် ဘိုးဘေးအဆင့်လူများဆီ ဖြစ်၏။ အကယ်၍ သူတို့သာ အင်အားကို တိုးမြှင့်နိုင်လျှင် ဂိုဏ်း၏ အခြေခံအုတ်မြစ်က ပို၍နက်နဲသွားမည် ဖြစ်၏။

ဓားအရှင်က လက်ကိုမြှောက်ကာ အဆောင်ကို ယူလိုက်သော်လည်း ရပ်တန့်သွားသည်။ သူမက တစ်မိနစ်ကြာ တွေးပြီးသည့်နောက်တွင် အံကြိတ်ကာ ရွတ်လိုက်၏

" ကျေးဇူးပါ" သူမက ပြောလိုက်သည်။

" ရပါတယ်။ အခြေအနေတွေ နောက်ပြန်ဆုတ်လို့ရရင်လည်း အကြီးအကဲဓားက အဲ့လိုလုပ်မယ်ဆိုတာ သိပါတယ်" ဝမ်ဝေ့က ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် သူ့စံအိမ်ဆီ ပြန်လာလိုက်သည်။ ထိုစဉ် ဓားအရှင်က ပျောက်ကွယ်သွားပြီး သူမ၏ ကမ္ဘာထဲ ပြန်ဝင်သွား၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now