အခန်း(၆၅၆)

30 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၅၆) : ဘုရင်ကစားပွဲ

" ဘုရင်ကစားပွဲ"

[ဘုရင်၊ အကြံပေး၊ စစ်သူကြီး၊ တပ်သား]

အားလုံးက ထိုစကားလုံးများကို ကြည့်ရင်း ဇာတ်ကောင်တစ်ခု ရွေးချယ်ရမည်ကို သတင်းစကား ရရှိလိုက်သည်။ ထိုကောင်းကင်ရွေးချယ်ခံများက သူတို့သည် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာထံ ဝင်ရောက်ဖို့ရာ စစ်တုရင် ကစားပွဲတချို့ ကစားရမည်ဖြစ်ကြောင်း အလျင်အမြန် သုံးသပ်ခဲ့ကြ၏။

သို့သော် ဒါက ဘာလဲ

သူတို့က သူတို့ရဲ့ဇာတ်ကောင်ကို ဘာလို့ ရွေးချယ်ဖို့ လိုတာလဲ။

ဝမ်ဝေ့ကလည်း ထိုလူများကဲ့သို့ အတွေးအတူတူ ရှိနေသော်လည်း သူတို့ထက် ပိုမိုမြင်လေသည်။ သူက ထိုစကားလုံးများဆီမှ ထွက်ပေါ်နေသည့် အစီအစဉ်ကျမှု တာအို၏ ကြောက်မက်ဖွယ် အသုံးပြုမှုကို အာရုံခံမိ၏။

" အစီအစဉ်ကျမှုဆိုတာက မျှခြေအကြောင်းပဲ။ အစီအစဉ်မကျမှု မရှိဘဲနဲ့ မတည်ရှိနိုင်ဘူး" ဝမ်ဝေ့က ကောင်းကင်ထံ ကျယ်လောင်စွာ ပြောလိုက်၏ " ကျုပ်တို့တွေ ဒီကစားပွဲမှာ ပါဝင်ရမယ်ဆိုတော့ စည်းမျဉ်းကို သိဖို့လိုတယ်"

ကောင်းကင်အထက် ရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် ဝမ်ဝေ့လက်ထဲ စာအုပ်တစ်အုပ် ကျဆင်းလာသည်။ လူတချို့က သွားရောက်ယူချင်ကြသော်လည်း ထိုစာအုပ်က မည်သူ့လက်ထဲတွင် ရှိကြောင်း အမှတ်ရသွားကြသည်။

ထိုစဉ် တိထျန်းကလည်း ပြေးသွားချင်သော်လည်း အခြေအနေကို စောင့်ကြည့်သည်က ပိုကောင်းကြောင်း ဆုံးဖြတ်ကာ အလျင်စလို ဆုံးဖြတ်ချက်မချခဲ့ပေ။

" ကောင်းကင်ဘုံ နိမ့်ကျတဲ့ ကျုပ်ကိုလည်း စည်းမျဉ်းစာအုပ်တစ်အုပ် ချီးမြှင့်ပေးပါ" စိတ်မြန်လက်မြန် ရှိသည့်လူတစ်ယောက်က အော်ပြောလိုက်သည်။ ကံဆိုးစွာဖြင့် ဘာမှဖြစ်ပျက်မလာခဲ့ပေ။ ထို့ကြောင့် သူနှင့် တခြားသူများက တူညီသည့်အရာကို ကွဲပြားစွာ ပြောဖို့ ကြိုးစားကြ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now