အခန်း (၅၉၉) : နေမင်းနှစ်စင်း
ဘုန်းကြီးဝူကျစ်က စိတ်ခံစားချက်၊ ဝမ်းနည်းမှု၊ တုံ့ဆိုင်းမှုနှင့် စိတ်ရှုပ်ထွေးခြင်း မရှိဘဲ ထိုလက်ဝါးကို ကျရောက်စေလိုက်သည်။ သူက နောက်ဆုံးရလဒ်ကို မသိပေ။ ကျန်းယွီချန်းက အကယ်ခံရမည်လား စွန့်ပစ်ခံရမလား မသိပေ။ သူတို့၏ ယခင်ထိပ်တိုက်ရင်ဆိုင်မှုများတွင် ထိုသူ့တွင် အရေးသာချက်ရှိသည်က ပုံမှန်သာ ဖြစ်၏။
ဝုန်း
ဘုန်းကြီးဝူကျစ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်က ကျန်းယွီချန်း၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွာမြွာ ပေါက်ကွဲထွက်သွားပြီး ဝိညာဉ်နှင့် တာအိုပင် ပျောက်ကွယ်သွားသည်။ သူက ကျဆင်းလာသည့် သွေးစက်များအား ကြည့်ကာ တစ်စုံတစ်ခု ဖြစ်ပျက်လာဖို့ စောင့်ဆိုင်းနေမိ၏။
သို့သော် ဘာမှဖြစ်မလာခဲ့ပေ။ ခဏအကြာတွင် သူက မှားယွင်းနေလားဟု တွေးမိသွားသည်။ သူက တစ်စုံတစ်ခုကို အာရုံမခံမိတာမျိုး ဖြစ်နေနိုင်သည်။ ပြောရလျှင် သူနှင့် ကျန်းယွီချန်း၏ ဆရာကြားမှ အင်အားကွာဟချက်က ကျယ်ပြန့်လွန်းသည့်အတွက် ထိုသူသာ တစ်ခုခု လှုပ်ရှားပါက သူ့အနေနှင့် အာရုံမခံမိဖို့ရာ ပုံမှန်သာ ဖြစ်၏။
သို့သော်လည်း ဘုန်းကြီးဝူကျစ်က ထိုဖြစ်နိုင်ချေကို အလျင်အမြန် ငြင်းဆန်လိုက်သည်။ တခြားအချိန်များတွင် ကျန်းယွီချန်း အကယ်တင်ခံလိုက်ရသည်နှင့် သူက တစ်စုံတစ်ခုကို ခံစားမိလေသည်။ အကြောင်းမှာ အန္တိမ သဟဇာတက မပိရိ၍ မဟုတ်မှန်း သိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက သိခဲ့၏။
" အဲဒါဆိုတော့ တကယ် ပြီးဆုံးသွားပြီပဲ" သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူက ကျန်းယွီချန်း၏ သူတော်ကောင်းဆောင်သည့် အချက်ကို မနှစ်မြို့သော်လည်း ထိုသူက သူ့ပြိုင်ဘက်ဖြစ်လာခဲ့သည်မှာ နှစ်သန်းချီ ကြာမြင့်နေပြီ ဖြစ်၏။
ဘုန်းကြီးဝူကျစ်သည် ဤသို့သော ဝမ်းနည်းဖွယ်ကောင်းသည့် ပုံစံမျိုးဖြင့် သူ့အား ဆုံးရှုံးလိုက်ရသည့်အပေါ် မည်သို့ခံစားရမှန်း မသိတော့ပေ။ သူက သူ့ဘာသာသူ သက်ပြင်းချလိုက်ပြီးသည့်နောက် ဖုန်းဟွမ်၏ စံအိမ်ကို စစ်ဆေးကြည့်လိုက်သည်။