အခန်း (၆၉၄) : ဖရိုဖရဲ အခြေအနေ အပိုင်း(၃)
"မင်းက ဘယ်သူလဲ" ဟွမ်ယွမ်က အေးစက်စက် အမူအရာရှိသည့်သူကို ကြည့်ရင်း မေးလိုက်၏။ ထိုအမျိုးသား၏ အကြည့်များက တောက်ပနေကာ သူ့အပေါ် ဖိအားဖြစ်စေကာ သားရဲတစ်ကောင်က ကြည့်နေသလိုမျိုး ခံစားရစေသည်။
"အသင်္ချေစည်းမျဉ်းကမ္ဘာက ဓားနတ်ဆိုး တုကူကျင်း"
ဟွမ်ယွမ်က ထိုနေရာကို တစ်ခါမှမကြားဖူးပေ။ သို့သော်လည်း ဤအရာများကို ဂရုစိုက်နေရမည့် အချိန်မဟုတ်သေးပေ။ သူ့စိတ်က ဤအခြေအနေအပေါ် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စတင်စဉ်းစားနေ၏။
"မင်းက ထာဝရအထွတ်အထိပ် အမွေအနှစ်အတွက် ရောက်လာတာလား" သူက သူ့ကိုယ်သူ အချိန်ဆွဲဖို့ ကြိုးစားရင်း စကားပြောလိုက်သည်။
"ဘာအမွေအနှစ်မှ မလိုဘူး"
လူတချို့ကသာ ထာဝရဧကရာဇ်ဖြစ်လိမ့်မည်ဟု ပြောဆိုနိုင်သည်။ ထို့ကြောင့် ဟွမ်ယွမ်သည် ထိုလူ၏ ယုံကြည်ချက်ကို လေးစားရမည်လား သူ့စိတ်ကြီးဝင်မှုကိုပဲ နှာခေါင်းရှုံ့ရမည်လား မသိတော့ပေ။ သူက တစ်စုံတစ်ခုပြောချင်သောလည်း တုကူကျင်းက စကားကို ဖြတ်ပြောလိုက်၏။
"အချိန်ဖြုန်းမနေနဲ့။ ငါက အင်အားကြီးလူတွေကို စိန်ခေါ်ရတာကိုပဲ ဂရုစိုက်တယ်။ မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်ဆိုရင် မင်းအသက်ကို သက်ညှာပေးမယ်" သူက အေးစက်စက် ပြောလိုက်၏။
ဟွမ်ယွမ်က မျက်မှောင်ကြုတ်ကာ "မောက်မာတာပဲ။ ကောင်းပြီလေ"
သူ့ရှေ့တွင် စာအုပ်တစ်ခု ပေါ်ထွက်လာပြီး သေခြင်းရှင်ခြင်း စည်းမျဉ်းက တောက်ပလာသည်။ စာအုပ်၏ ပင်ကိုစည်းမျဉ်းများကို ထုတ်ပြနိုင်သည့် အချက်အရ ဟွမ်ယွမ်တွင် မည်မျှထိန်းချုပ်မှု ကောင်းကြောင်းနှင့် ဆက်နွယ်မှု အားကောင်းကြောင်း ပြသနေ၏။
ဓားနတ်ဆိုး တုကူကျင်းက ဘာမှမပြောဘဲ ဓားကို ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူဆီ ရွှေရောင်ဓားကို ပစ်လွှတ်လိုက်သည်။ ဟွမ်ယွမ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။