အခန်း(၆၂၆)

25 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၂၆) : ယုံကြည်မှု

လူသားနှင့် နတ်ဆိုး ကာကွယ်ရေး အစီအရင်က အသင်္ချေအင်ပါယာကမ္ဘာအနေနှင့် မိစ္ဆာမျိုးနွယ်ကျူးကျော်မှုထဲ ကျရှုံးမသွားရသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ထိုအရာ၏ အကူအညီဖြင့် ထာဝရဧကရာဇ်အများအပြားက ကမ္ဘာ၏ မျှခြေကို ပြောင်းလဲဖို့ ကြိုးစားသည့်အခါ သေဆုံးသွားကြသည်။ ထိုအရာကြောင့် ကျောင်းတော်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကို နှင်ထုတ်နိုင်ခဲ့၏။

တစ်ခုတည်းသော ဆိုးကျိုးက ကမ္ဘာအန္တရာယ် ကျရောက်လာသည့်အခါ သူ့အလိုလို အသက်ဝင်လာခြင်း ဖြစ်သည့်အတွက် အသိစိတ်ရှိကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း လူသားနှင့် နတ်ဆိုးကံကြမ္မာ ဓားများ ပေါ်ထွက်လာပြီဖြစ်၍ ထိုအရာကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

" မင်းရဲ့ အစီအစဉ်က ကောင်းပါတယ်" ဖန်းလုံမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည် " ဒါပေမဲ့ ပင်လယ်မျိုးနွယ်မှာ ကာကွယ်ရေးအစီအရင် မရှိဘူး"

" ခေါင်းဆောင်လုံ သမိုင်းကြောင်းတစ်လျှောက်မှာ ဒါက အလိမ်အညာဆိုတာ ကျုပ်တို့အားလုံးလည်း သိကြတာပဲ" ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။

" ခင်ဗျားတို့မျိုးနွယ် ကြွယ်ဝဖို့ ကံကောင်းမှုစုစည်းရေးပစ္စည်းတောင် ရှိမှာပဲ။ ခင်ဗျားတို့ ဧကရာဇ်တွေထဲက တစ်ယောက်က မျိုးနွယ်ကာကွယ်ရေးအစီအရင်ရဲ့ အကျိုးကျေးဇူးကို တွက်ချက်ပြီးလောက်ပြီ။ လူဦးရေအနည်းဆုံးဖြစ်တဲ့ စိတ်ဝိညာဉ်မျိုးနွယ်မှာတောင် အဲ့ပစ္စည်းနှစ်ခုကတော့ သေချာပေါက် ရှိတယ်"

" ဂျူနီယာ မင်းက ငါ့ကို လူလိမ်လို့ ခေါ်နေတာလား" ဖန်းလုံခေါင်းဆောင်က အသံမြှင့်ကာ ပြောလိုက်၏။

" ဂျူနီယာတဲ့လား" ဝမ်ဝေ့က ပုံမှန်တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ပြောလိုက်၏ " ကျင့်ကြံသူတွေရဲ့ ကမ္ဘာက ခွန်အားအလိုက် လေးစားကြတာ မဟုတ်ဘူးလား။ လုံဟိုင် ခင်ဗျားကို လေးစားနေတာက ခင်ဗျားရဲ့ အဆင့်အတန်းကြောင့် ... ခင်ဗျားရဲ့ အင်အားကြောင့် မဟုတ်ဘူး"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora