အခန်း(၆၉၇)

48 3 0
                                    


အခန်း (၆၉၇) : ဖရိုဖရဲ အခြေအနေ အပိုင်း(၆)

ဖုန်းဟွမ်က သူ့ကို တိုက်ခိုက်သည့်လူများကို တည်တည်ငြိမ်ငြိမ်ကြည့်ရင်း အခြေအနေကို သုံးသပ်လိုက်၏။ သူ့ရှေ့တွင် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာတစ်ခု အလိုလိုပေါ်ထွက်လာသည့်အတွက် သူ့ကို တိုက်ခိုက်သူများထဲ မည်သူကမှ သူ့ဒိုင်းကာကို မထိုးဖောက်နိုင်ကြပေ။

သူက ထိုအဖွဲ့၏ အားအနည်းဆုံးလူကို ရှာဖွေလိုက်ပြီး စိုက်ကြည့်လိုက်၏။ သူ့အကြည့်က ထိုသူ၏ ဝိညာဉ်ဆီ ထိုးဖောက်သွားကာ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

အလယ်ပိုင်း စိတ်ဝိညာဉ်ကမ္ဘာလား။ ကြည့်ရတာ တစ်ယောက်ယောက်က အသင်္ချေအင်ပါယာကမ္ဘာကို ပစ်မှတ်ထားနေတဲ့ပုံပဲ။

ဝမ်ဝေ့က အဲဒီစုဝေးပွဲ လုပ်ပြီးကတည်းက ငါ ဒီဖြစ်နိုင်ချေကို တွက်ဆထားပြီးသား။ ဒါပေမဲ့ ပြဿနာက ကာကွယ်ရေးအစီအရင်နဲ့ ဖြေရှင်းလို့ရမယ်လို့ ထင်ထားခဲ့တာ။ ဒီလူတွေ ဒီလောက်ထိ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး...

ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ အခြေအနေကို နက်နက်နဲနဲ သုံးသပ်ကြည့်လိုက်သည်။

ဒီလူတွေက ဒိုင်မေးရှင်းအမြင့်ကလူတွေလား။ ဒါမှမဟုတ် တခြားအလွှာကလူတွေလား

အဖြေက မည်သို့ပင်ဖြစ်စေကာမူ သူ့အစီအစဉ်အပေါ် အဆိုးဘက်မှ သက်ရောက်မှု ရှိလာစေနိုင်သည်။

ဗုဒ္ဓဘာသာ မြင့်တက်လာမှုက မလွယ်ကူပေ။ ဒိုင်မေးရှင်းအမြင့်မှ လူများသည် ဗုဒ္ဓဘာသာ တိုးတက်မှုကို နှောင့်နှေးခြင်း သို့မဟုတ် ဂုဏ်သတင်း ဆိုးရွားအောင် ပြုလုပ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာသည် အဆုံးမဲ့လေဟာနယ်အတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရ၏။

ငါ ဝမ်ဝေ့အပေါ် ကျေးဇူးကြွေးတင်နေတာပဲ...

ဤနှစ်ထောင်ချီအတွင်း သူက ဗုဒ္ဓဘာသာ ကံကောင်းမှု အလျင်အမြန် ကြီးထွားလာမှုကို ခံစားမိလိုက်သည့်အတွက် စကားဖြင့် ဖော်ပြလို့မရနိုင်လောက်အောင်ပင် ပျော်ရွှင်နေမိသည်။ အချိန်အတော်ကြာ ဒုက္ခခံစားပြီး ညများစွာ အအိပ်ပျက်ကာ ခေတ်ကာလသုံးခု ကြံစည်ခဲ့ပြီးသည့်နောက် သူ၏ အားထုတ်မှုအသီးအပွင့်ကို ခံစားလာရပြီ ဖြစ်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora