အခန်း(၆၂၈)

27 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၂၈) : မသေမျိုးနန်းဆောင်

ဝမ်ဝေ့က မြောက်ပိုင်းလိပ်နက်ကုန်းမြေမှ နတ်ဆိုးမျိုးနွယ်နှင့် ဆက်သွယ်ဖို့ အစီအစဉ်ကို အသက်သွင်းလိုက်သည်။

" ဂိုဏ်းချုပ်ဝမ်ဝေ့ ... ဓားကို ဘယ်အချိန်ပို့ပေးမှာလဲ" ကျားနက်မျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။ သူ့အသံထဲတွင် စိုးရိမ်ပူပန်မှုများကို သိုဝှက်ထား၏။

" အခုပဲ" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ဂိုဏ်းချုပ် အမှတ်အသားပြားကို အသုံးပြု၍ ဂိုဏ်း၏ ပတ်ဝန်းကျင် အာကာပြင်အား ထိန်းချုပ်ကာ အက်ကြောင်းတစ်ခုဖွင့်လှစ်ပြီး နတ်ဆိုး မျိုးနွယ်စုကြီး နေထိုင်ရာအနီးသို့ ဓားကို ပို့ဆောင်လိုက်သည်။

နတ်ဆိုးမျိုးနွယ်က ထိုအပြုအမူကို အာရုံခံမိ၍ တစ်ယောက်ယောက်ကို ခိုင်းကာ ဓားကို သွားယူခိုင်းခဲ့သည်။ သူတို့က ကျန်ရှိနေသည့် ဆန့်ကျင့်ကျင့်ကြံသူများအား ထိုဓားကို ဘာအမှားအယွင်းမှ မရှိစေရန် စစ်ဆေးခိုင်းလိုက်၏။

" ကျေးဇူးပါ" ရွှေခြင်္သေ့ခေါင်းဆောင်က အလေးအနက်ပြောလိုက်သည်။ သူမက ထိုဖြစ်စဉ်သည် ပိုမိုခက်ခဲလိမ့်မည်ဟု တွေးထားခဲ့မိပြီး တာအိုအခွင့်အလမ်းဂိုဏ်းက ထိုဖြစ်စဉ်ကို တတ်နိုင်သမျှ နှောင့်နှေးထားပြီး ဓား၏ အကျိုးအမြတ်ကို ယူဆောင်ကာ နတ်ဆိုးမျိုးနွယ်ကို ခေါင်းပုံဖြတ်လိမ့်မည်ဟု ထင်ထားခဲ့မိကြသည်။

သူမ၏ တစ်စိတ်တစ်ပိုင်းက ဓားသည် ပြန်ရောက်လာမည် မဟုတ်ကြောင်း ယုံကြည်ထားပြီး ဂိုဏ်းချုပ်က ထိုစကားများကို အစည်းအဝေးအတွက်သာ ပြောခဲ့သည်ဟု ယုံကြည်ထားသည်။

" ကျုပ်က သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိုက်ရုံပါ" ဝမ်ဝေ့က ပြောသည် " အခု ကျုပ်တို့ မဟာမိတ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးရအောင်"

ဆွေးနွေးမှုက အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။ မဟာမိတ်အရ အဓိကအားဖြင့် နတ်ဆိုးမျိုးနွယ်ကို တာအိုအခွင့်အလမ်းဂိုဏ်း၏ နာမည် သို့မဟုတ် အာဏာကို အသုံးပြုခွင့်ပေးထားခြင်း ဖြစ်၏။ တခြားအင်အားစုများနှင့် အပေးအယူ လုပ်ခြင်း သို့မဟုတ် အရင်းအမြစ် လဲလှယ်ခြင်းများ ပြုလုပ်သည့်အခါ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်ဖို့အတွက် သူတို့၏ နာမည် သို့မဟုတ် လွှမ်းမိုးမှုကို အသုံးပြုနိုင်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now