အခန်း (၆၀၃)

35 2 1
                                    


အခန်း (၆၀၃) : ညှိနှိုင်းမှု

" မင်းက ငါ့ကို ရွေးချယ်စရာမရှိအောင် လုပ်ထားတဲ့ပုံ ပေါက်နေပေမဲ့ ငါ့ဆီမှာ ရွေးချယ်စရာတွေ ရှိတယ်" ဖုန်းဟွမ်က ပြန်လည်ချေပလိုက်သည်။

" ဟုတ်တာပေါ့" ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏ " အကောင်းဆုံး ရွေးချယ်မှုက ကုန်သွယ်ရေးဗဟိုချက်ကို သုံးပြီးတော့ တခြားကမ္ဘာ့အသိုက်အဝန်း တွေဆီ ဝင်ရောက်ဖို့ပဲ။ ဒါပေမဲ့ အဲဒီကလူတွေက မင်းကို သူတို့ရဲ့ အရင်းအမြစ်တွေ အဆင်သင့်ပေးမယ်များ ထင်နေလား။ အဲဒီကမ္ဘာအသိုက်အဝန်းတွေက အင်အားစုအသစ် ကျူးကျော်လာမှာကို မခုခံဘူးလို့များ ထင်နေလား။ အထူးသဖြင့် တစုတစည်းဗုဒ္ဓဘာသာအနေနဲ့ အားကောင်းနေတဲ့ အချိန်မျိုးပေါ့"

သူတို့ပျက်သုဉ်းခြင်း မတိုင်ခင်က ဗုဒ္ဓဘာသာသည် အဆုံးမဲ့လေဟာနယ်တစ်လျှောက် တည်ရှိခဲ့သော်လည်း ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီက ကွဲပြားကာ ခြားနားသည့် အင်အားစုများ ရှိ၏။ သူတို့ကြားရှိ တစ်ခုတည်းသော ဆက်နွယ်မှုမှာ ဒိုင်မေးရှင်းအမြင့်ရှိ မေတ္တယျမာတာဗုဒ္ဓနှင့် တခြားသော ဗုဒ္ဓအရှင်တို့၏ တည်ရှိမှုကြောင့်သာ ဖြစ်၏။

သို့သော် ယခုတွင် ဖုန်းဟွမ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ ကနဦးအစကတည်းက ပထမဆုံးအကြိမ်အဖြစ် ဒိုင်မေးရှင်းအနိမ့်ရှိ ဗုဒ္ဓအင်အားစုအားလုံးကို ဆက်နွယ်မည့် ဘာသာရေးတစ်ခုကို ဖြန့်ဝေလိုက်သည်နှင့် သူတို့က တစ်ဦးတည်းသော ခေါင်းဆောင် ဖုန်းဟွမ်နှင့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။

ထိုလူများက ထိုအကြောင်း သိသွားသည်နှင့် ဤသို့အားကောင်းသည့် အင်အားစုမျိုးကို သူတို့၏ သက်ဆိုင်ရာကမ္ဘာအသီးသီးတွင် တည်ရှိခွင့် သို့မဟုတ် ဖြန့်ဝေခွင့်ပြုမည် မဟုတ်ပေ။

အဆုံးမဲ့လေဟာနယ်ကို ထိန်းချုပ်ဖို့ ကြံစည်နေသူတစ်ဦးအနေနှင့် ဝမ်ဝေ့က ထိုအင်အားစုအတွင်း အနည်းဆုံး ဒုတိယပြောဆိုသူ မဖြစ်ဘဲ ဗုဒ္ဓဘာသာကို စည်ပင်ကြွယ်ဝခွင့်မပေးနိုင်ပေ။

သူက ကြီးထွားမည့် အခွင့်အရေးကို အခွင့်ကောင်းယူရင်း အင်အားမသုံးဘဲ ဖုန်းဟွမ်ကို ထိန်းချုပ်ဖို့ရာ လိုအပ်နေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVМесто, где живут истории. Откройте их для себя