အခန်း(၆၄၃)

24 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၄၃) : သေမျိုးတဖန် အပိုင်း(၂)

ပါးစပ်ကြီးကြီးလူက အေးစက်စက်နှင့် ခံစားချက်မဲ့နေသည့် မျက်နှာထားရှိသည့် လူငယ်လေးသည် ဆွေကြီးမျိုးကြီးမျိုးနွယ်ဝင် အမျိုးသမီးနှစ်ယောက်၏ ခေါင်းဖြတ်လိုက်သည်ကို ကြည့်နေ၏။ ထိုသူက မျက်တောင်ပင် မခတ်ပေ။ သူ့အမူအရာတွင် အပြောင်းအလဲပင် မရှိသလို သူ့ မျက်နှာကို ဝှက်ထားဖို့ပင် ဂရုမစိုက်ပေ။

ဒီကောင်လေးက နှစ်နှစ်အတွင်း ဒီလောက်တောင် ပြောင်းလဲသွားတာပဲ...

ပါးစပ်ကြီးကြီးလူက ဤသို့သောအခြေအနေကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ဖူးသည့်အတွက် စိုးရိမ်လာမိသည်။ လူအများစုက ဆက်တိုက် သတ်ဖြတ်ရသည့်အပေါ် ထုံထိုင်းသွားပြီး အပြစ်ရှိစိတ်ကို ဖြေဖျောက်ဖို့ သေရည်သောက်ခြင်းနှင့် အပျော်ဂေဟာ သွားခြင်းကဲ့သို့သော အရာများကို ပြုလုပ်တတ်ကြသည်။

သို့သော်လည်း ယန်းဝေ့က မထူးမခြားနားနှင့် အေးစက်စက်ဖြစ်လာသည့်အတွက် ထိုကောင်လေးထံ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့တာလားဟု စိုးရိမ်လာမိသည်။

" ယန်းဝေ့ ဒီကိုလာခဲ့ဦး" ထိုကောင်လေးက အလုပ်ရှင်ဆီ လာလိုက်ပြီး စိုက်ကြည့်လိုက်သည်။

" ငါက သစ်ပင်နီမြို့တော်ကို သွားရမှာ။ ငါနဲ့အတူ လိုက်ခဲ့" ပါးစပ်ကြီးကြီးလူက သူ့ကို ငြင်းဆန်ဖို့ အခွင့်မပေးဘဲ အမိန့်တစ်ခုဟု ဖော်ပြလိုက်သည်။ နောက်တစ်ရက်တွင် ဗိုက်ရွှဲရွှဲ အမျိုးသားက လူငယ်လေးကို သစ်ပင်နီမြို့ဆီ ခေါ်ဆောင်သွားသည်။ ထိုနေရာက တက်ကြွသည့် လူနေမှုပုံစံများကြောင့် လူသိများပြီး အပျော်ဂေဟာများရှိရာ နေရာတစ်ခု ဖြစ်၏။ သူ့အနေဖြင့် ယန်းဝေ့သည် လူသစ်များဖြင့် တွေ့ဆုံပြီး စိတ်ထွက်ပေါက် ရဖို့ရာ မျှော်လင့်မိသည်။

နှမြောစရာကောင်းလှသည်က ယန်းဝေ့သည် ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ သူ တုံ့ပြန်လာသည့်အချိန် တစ်ချိန်သာ ရှိခဲ့ဖူးသည်။ လူများစွာက လူနှစ်ယောက်ကို ဝိုင်းကာ ကြည့်နေကြပြီး အဝတ်ကောင်းကောင်း ဝတ်ဆင်ထားသည့် ခပ်ဝဝလူငယ်လေးက အာဟာရပြတ်လပ်ကာ စုတ်တီးစုတ်ပြတ် အဝတ်များကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးကို ကန်ကျောက်နေပြီး သူ့အဝတ်အစားကို ညစ်ပတ်အောင် လုပ်သည့်အတွက် ဆဲဆိုနေစဉ်အခါက ဖြစ်သည်။ အားလုံးက သူတို့၏ မျက်ဝန်းအထက် သနားညှာတာမှုဖြင့် ကြည့်နေကြသော်လည်း မည်သူကမှ ဘာမှမလုပ်ရဲကြပေ။ သူတို့က ထိုဆွေကြီးမျိုးကြီး ကောင်လေး ရပ်တန့်ပြီး ထွက်သွားဖို့ရာသာ ဆုတောင်းနေကြ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVМесто, где живут истории. Откройте их для себя