အခန်း(၇၀၁)

24 2 0
                                    


အခန်း (၇၀၁) : တိုက်ပွဲ နောက်ဆက်တွဲ

ဝမ်ဝေ့က အနက်ရောင်မိုးကြိုးချက်များ ထိုကြေးစားသုံးယောက်ကို သုတ်သင်ပစ်သွားသည်ကို မိန်းမောစွာ ကြည့်နေမိသည်။ သူက ထိုဖြစ်စဉ်ကို ထပ်ခါထပ်ခါ သုံးသပ်လိုက်ပြီး ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။ ထာဝရရှည်ကြာသည်ဟု ခံစားရပြီးသည့်နောက်တွင် သူက ရေရွတ်လိုက်၏

"ဒါကဒီလိုကိုး"

သူက ကောင်းကင်တာအိုထိန်းချုပ်ရေးလမ်းစဉ်နှင့် ထိုအဆင့်ထက် သာလွန်သည့်အဆင့်ကိုပင် မြင်လိုက်ရသည်။

"ကံဆိုးတာက ငါက အဲဒီအဆင့်ရောက်ဖို့ ဧကရာဇ် ဖြစ်လာဖို့လိုတယ်"

သူက နဝမအဆုံးစွန်အုတ်မြစ် ကန့်သတ်ချက်ကို ချိုးဖောက်ကာ တတိယတန်းစားအင်အားကို ရယူနိုင်ခဲ့လျှင်ပင် မဟာတာအိုအရင်းအမြစ် လစ်ဟာမှုကြောင့် ထိုထိန်းချုပ်နိုင်စွမ်းကို ရရှိမည် မဟုတ်ပေ။ သို့သော်လည်း သူက ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် ဖန်တီးဖို့ရာ အချိန်ဖြုန်းစရာ မလိုတော့ပေ။

"ဒါက ခေတ်ကာလသားတော် ဖြစ်ခြင်းရဲ့ဆုလာဘ်များလား" ကောင်းကင်တာအိုသည် စည်းမျဉ်းများကို ထိန်းချုပ်ရာ၌ မည်မျှကျွမ်းကျင်ကြောင်း ဝမ်ဝေ့အနေနှင့် တိုက်ရိုက်မြင်ဖို့ရာ လွယ်ကူလွန်းနေသည်ဟု ခံစားမိလိုက်သည်။ ထိုအရာက ဤအရာက သူ့မကောင်းဆိုးဝါးလိုမျိုး နားလည်နိုင်စွမ်းဖြင့်ပင် ဤမျှ မလွယ်ကူသင့်ပေ။ ထို့ကြောင့် ထိုအရာသည် အစစ်အမှန် ကောင်းကင်တာအိုမှ လက်ဆောင်ဆုလာဘ် ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။

"ငါက တကယ်ကို ဇာတ်လိုက်ပဲ" သူက မလုံမလဲ ပြုံးကာ ပြောလိုက်သည်။

သူက အဝေးကို လှမ်းကြည့်ပြီး ခေါင်းအသာယမ်းလိုက်သည်။ သူက ဒေါသနှင့် တခြားမိစ္ဆာများသည် တိုက်ပွဲကို စောင့်ကြည့်နေကြောင်း မြင်လိုက်ရ၏။

သူက သူတို့ကို မဆက်သွယ်ဘဲ သူ့အဝတ်အစားပေါ်မှ အစီအရင်များကို အသက်သွင်းကာ နဂိုအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်စေလိုက်သည်။ ထို့နောက် သူက ဤကုန်းမြေမှ ထွက်ကာ မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာဆီ ဦးတည်လိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVHikayelerin yaşadığı yer. Şimdi keşfedin