အခန်း(၆၁၉)

27 2 4
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ  - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၁၉) : ဧည့်သည်

ဝမ်ဝေ့က မျက်နှာသာပေးရသည့် ဇနီးလေးနှင့်အတူ ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူက ထိုအသုံးအနှုန်း တစ်ခါမှမသုံးစွဲဖူးပေ။ သူမက သူ့တွင် မျက်နှာသာ မပေးခံရသည့်  တခြားသူများ ရှိနေလားဟု မေးလာမည်ကို စိုးထိတ်၍ ဖြစ်သည်။

သူက ထိုခေါင်းဆောင်းပုံရိပ်၏ ကပ်ဘေးကို ရှင်သန်လာပြီးသည့်နောက် ထပ်မံ အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်ကို မသိခဲ့သလို သူ့ ကံကြွေးက တိုးမြင့်သွားသည်ကိုလည်း မသိခဲ့ပေ။ သူက သူ့ဇနီးနှင့် အတူ အချိန်ကုန်ဆုံးရသည်ကိုသာ သဘောကျနေ၏။

သူတို့နှစ်ဦးလုံးက ဝတ္ထုဖတ်နေစဉ် ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည် " ကိုယ့်မှာ အတွေးတစ်ခုရှိတယ်"

" ဘာများလဲ"

" မင်းရော ကိုယ်နဲ့အတူ ဆံပင်အရောင် ပြောင်းလိုက်ပါလား။ အဲဒါဆိုရင် ကိုယ်တို့တွေ ခဲဖြူရောင်ဆံပင်နဲ့ ပိုပြီး ကြည့်ကောင်းသွားလောက်တယ်"

" မရဘူး" ဝူဟုန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

" ဘာလို့လဲ"

" ကျွန်မရဲ့ ဆံပင်အရောင်ကို သဘောကျတယ်"

" ဒါပေမဲ့ ကိုယ်တို့တွေ ဆင်တူဆိုရင် ပိုပြီးတော့ မိုက်သွားမှာလေ"

" အဲလိုဆိုရင် ရှင့်ဆံပင်ကို အနက်ရောင် ပြန်ပြောင်းလိုက်လေ"

" တော်ပါပြီ တော်ပါပြီ။ ကိုယ့်ရဲ့ လက်ရှိပုံရိပ်ကိုပဲ သဘောကျတယ်။ ပြန်မပြောင်းချင်ဘူး"

" ကျွန်မလည်း အဲလိုပဲ တွေးမိတယ်"

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက် ဆက်ဖတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို ရုတ်ချည်းအမှတ်ရသွားကာ ပြောလိုက်၏ " မင်းအတွက် လက်ဆောင်တစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းဆီ မပေးချင်တော့ဘူး"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVTempat cerita menjadi hidup. Temukan sekarang