အခန်း(၆၂၁)

32 2 1
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၂၁)

စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်က ပုံစံပြန်ပေါ်လာပြီးနောက် အသွင်ပြောင်းသွားသည်။ သူက နောက်ထပ်သုံးမီတာ ပိုမိုမြင့်မားလာပြီး ရွှေရောင်အမွေးအမျှင်များက သူ့ခန္ဓာကိုယ်ကို ခြေမှ ခေါင်းအဆုံး ဖုံးလွှမ်းသွား၏။ အနီရောင် တိုက်ပွဲချပ်ဝတ်တစ်ခုက သူ့ခန္ဓာကိုယ်အထက် ပေါ်ထွက်လာကာ အသွင်ပြောင်းထားသည့် နတ်ဆိုးကံကြမ္မာဓားဟု ထင်ရသည့် အနက်ရောင်တုတ်ရှည်တစ်ခုလည်း ထွက်ပေါ်လာသည်။

" တိုက်ပွဲသူတော်စင် မျိုးဆက်လား။ မဟုတ်သေးဘူး ဒါက ဆင့်ကဲပြောင်းလဲထားတာနဲ့တူတယ်။" ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ထိုသူ ကူးပြောင်းမှုပြီးပြီးချင်းတွင် သူက မယုံနိုင်လောက်ဖွယ်အလျင်ဖြင့် ပြေးသွားပြီးနောက် စွင်းကျောင်းလုံ၏ ရင်ဘတ်ကို ထိုးစိုက်ကာ နှလုံးသားကို ဆွဲယူထုတ်လိုက်သည်။ သူက ကြက်ရာသီခွင်စွမ်းအားကိုပါ အသုံးပြု၍ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲခဲ့ပြီး စွင်းကျောင်းလုံ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။

ဝမ်ဝေ့က ထိုသူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ် လဲကျသွားသည်ကို ကြည့်နေလိုက်၏။ သူ့ရင်ဘတ်တွင် လက်သီးအရွယ်အပေါက်ကြီး ရှိနေသည်။ ထင်ထားသည့်အတိုင်း ထိုအပေါက်က ချက်ချင်းဆိုသလို ကောင်းလာပြီး စွင်းကျောင်းလုံက အသက်ပြန်ရှင်လာသည်။

စွင်းကျောင်းလုံက တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးကာ ကမ္ဘာတုငယ်လေးဆီမှ ထွက်ပြေးဖို့ အာကာပြင်အပေါက်ကို ဖန်တီးလိုက်သည်။ သူက ထိုအာကာပြင်အပေါက်မှ ထွက်သွားစဉ် တူညီသည့်နေရာသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။

ဝမ်ဝေ့က သူ့အား လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။

" စိတ်ဝင်စားစရာကောင်းတဲ့ ပင်ကိုစွမ်းရည်ပဲ။ မင်းက ကိုယ့်ဘာသာကိုယ် အသက်ပြန်ရှင်နိုင်ပြီးတော့ သေဆုံးမှုတစ်ခုချင်းစီတိုင်းမှာ မင်းရဲ့ တိုက်ပွဲစွမ်းအားက တိုးမြင့်လာတယ်။ ဒါက မင်းရဲ့ ထူးဆန်းတဲ့ သွေးမျိုးဆက်ရဲ့ ရလဒ်ပဲ ဖြစ်ရမယ်။ တိုက်ပွဲအတွက် သွေးမျိုးဆက်ပေါ့"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVМесто, где живут истории. Откройте их для себя