အခန်း(၆၀၁)

32 3 0
                                    


အခန်း (၆၀၁) : ခေတ်သစ်၏ ကံကြမ္မာ

ရှီရှန်းယန်၏ စံအိမ်အတွင်း

သူမက ရှေ့နောက်လျှောက်ကာ ဆုံးဖြတ်ချက်အကြောင်း တွေးတောနေသည်။ သူမက ဝမ်ဝေ့၏ စကားကို ကြားပြီးသည့်နောက်တွင် သူသည် ခေတ်သစ်ကို ဦးဆောင်နိုင်မည့်သူဟု ယုံကြည်လာခဲ့သည်။ ယခုတွင် သူမက မိတ်ဆွေဖွဲ့ရမည်လား သို့မဟုတ် ဆန့်ကျင်ရမည်လား သို့မဟုတ် တွဲဖက်ဖြစ်လာရမည်လားဟု စဉ်းစားနေသည်။

ဆုံးဖြတ်ချက်က အသင်္ချေအင်ပါယာကမ္ဘာတွင် တာအိုကို သက်သေပြရမည်လား၊ မပြဘဲ နေရမည်လားအပေါ် ဆုံးဖြတ်ပေးလိမ့်မည်။

ငါက လက်ရှိ ပွင့်ချပ်၂ လွှာအဆင့်ပဲ ရှိသေးတယ်။ မကြာခင်မှာ ပွင့်ချပ် ၃လွှာကို ရောက်တော့မယ်ဆိုပေမဲ့ ပြန်လည်ကျင့်ကြံရင် ငါက ပွင့်ချပ်၄လွှာအထိ ရောက်ရှိနိုင်တယ်။ ဒါပေမဲ့ သူက ပွင့်ချပ် ၆လွှာအထိတောင် ရောက်နေပြီ...

ရှီရှန်းယန်က မျက်မှောင်ကြုတ်ကာ သူမ စုဆောင်းထားသည့် သတင်းအချက်အလက်များကို သုံးသပ်လိုက်သည်။

သူက လက်ရှိ အဆင့် ၈ပဲ ရှိသေးပြီးတော့ ပွင့်ချပ် လွှာအထိ ရောက်နိုင်ခြေရှိတယ်။ ဒီလျှို့ဝှက်နည်းစနစ်တွေနဲ့ဆိုရင် ငါက ဟာကွက်ကို လိုက်နိုင်တယ်ဆိုပေမဲ့ သူ့ဆီမှာလည်း လျှို့ဝျက်နည်းစနစ်တွေရှိနေတာလည်း ဖြစ်နေနိုင်တယ်...

ရှီရှန်းယန်က သူနှင့် ရှောင်ထျန်းတိကြားမှ တိုက်ပွဲကို ပြန်လည်အမှတ်ရလိုက်သည်။ သူက တိုက်ပွဲအသိစိတ်နှင့် အတွေ့အကြုံများတွင် ရှောင်ထျန်းတိထက် သာလွန်နေသည်ကို သတိပြုမိခဲ့သည်။

ထို့အပြင် ဝမ်ဝေ့က ပိုင်နက်ကို အသုံးမပြုခဲ့သည့်အတွက် အင်အားအကုန် ထုတ်မသုံးခဲ့မှန်း သိသာလှသည်။

ငါ သူ့ကို အနိုင်ပိုင်းနိုင်ပြီး တာအိုသက်သေပြနိုင်ဖို့ အခွင့်အရေးက အရမ်းကို နည်းပါးတယ်။ အုပ်ချုပ်သူတွေက အသင်္ချေအင်ပါယာကမ္ဘာကို ကျူးကျော်ဖို့ တခြားကောင်းကင်ရွေးချယ်ခံတွေကို စေလွှတ်ထားလောက်တယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေက ပိုရှုပ်ထွေးသွားလိမ့်မယ်...

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVOnde histórias criam vida. Descubra agora