အခန်း (၇၀၇) : ကုန်သွယ်ရေးဗဟိုချက်၏ အနာဂတ်
ဝမ်ဝေ့ နောက်ဆုံးဖြေရှင်းရမည့်ကိစ္စက ကုန်သွယ်ရေးဗဟိုချက် ဖြစ်၏။ ကြယ်တာရာသခင်တောင်၏ အကူအညီဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ထိုနေရာ၌ အခြေခံအုတ်မြစ်တချို့ တည်ဆောက်နိုင်ခဲ့ပြီး ကမ္ဘာ့အသိုက်အဝန်းရာချီနှင့် အရင်းအမြစ်များ ဖလှယ်နိုင်ခဲ့သည်။
သူတို့ကိုယ်သူတို့ စတင်တည်ထောင်လိုက်ကတည်းက သူတို့၏ စွမ်းအားနှင့် လွှမ်းမိုးမှုတို့က မယှဉ်နိုင်သေးသော်လည်း ဝမ်ဝေ့က ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်ထား၏။ ထိုကုန်သွယ်ရေးဗဟိုချက်မှ ရရှိသည့် အကျိုးအမြတ်က ဂိုဏ်း၏ နှစ်စဉ် အမြတ် ၅ရာခိုင်နှုန်းအထိ တိုးမြင့်သွားစေခဲ့သည်။ ထိုပမာဏက သေးငယ်ဟန်ပေါ်သော်လည်း လစဉ်လတိုင်း တာအိုအခွင့်အလမ်းဂိုဏ်း အရင်းအမြစ်များက ထူးကဲသည်ဟု သတ်မှတ်လို့ရသည်။
ဥပမာ လတိုင်း ယွမ်တစ်သောင်း ရရှိသည့်သူက သူ့လစာ ၅ရာခိုင်နှုန်း တိုးမြင့်သွားခြင်းနှင့် ဘီလီယံနာတစ်ယောက်က ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် တစ်ဦးချင်းစီ၏ ရှာနိုင်မည့် ငွေပမာဏက အတော်လေး ကွဲပြားသွားလိမ့်မည်။
ကုန်သွယ်ရေးဗဟိုချက်က အလားအလာ အတော်ကောင်းတာပဲ...
ဝမ်ဝေ့က တွေးလိုက်မိသည်။
ငါ့လက်ထဲသာ ရနိုင်မယ်ဆိုရင် ဒိုင်မေးရှင်းအနိမ့်က တခြားအသိုက်အဝန်းအကုန်လုံးကို ချဲ့ထွင်နိုင်လိမ့်မယ်။ ကောင်းကင်တာအိုက ခွင့်ပြုမယ်ဆိုရင် ဒိုင်မေးရှင်းအမြင့်အထိ ချဲ့ထွင်နိုင်လိမ့်မယ်...
အဆင့်(၁၀)နှင့် အထက် အရင်းအမြစ်များက အလဲအလှယ်လုပ်ဖို့ မဖြစ်နိုင်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် အလဲအလှယ် လုပ်နိုင်ပါက ဒိုင်မေးရှင်းအနိမ့်အတွက် အကျိုးအမြတ်မြောက်များစွာ ရှိလာလိမ့်မည်။
အဆင့်(၁၀)အရင်းအမြစ် မပြောနဲ့ ... ဒိုင်မေးရှင်းအမြင့်က သေမျိုးအရင်းအမြစ်ပမာဏအမြောက်အများရှိမှာ သေချာတယ်...