အခန်း(၇၀၂)

13 1 1
                                    


အခန်း (၇၀၂) : အကြီးမားဆုံးနောင်တ

"ရှင် မသေသေးတာ တော်သေးတာပေါ့"

"အားလုံးက ဘာလို့ အဲ့လိုပြောနေကြတာလဲ။" ဝမ်ဝေ့က ပြောလိုက်၏။ သူ့မိခင်ကပင် သူတို့ စကားပြောဆိုနေစဉ်အတွင်း မသေသည့်အတွက် ပျော်သည်ဟု ဆိုခဲ့သည်။

"ရှင် ဂိုဏ်းက ထွက်သွားတဲ့အချိန်တိုင်း ဒဏ်ရာရရင်ရ မရဘူးဆိုရင် သေတဲ့အထိ ဖြစ်တတ်တယ်လေ" ဝူဟုန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။

"အဲဒါက ပုံသေကားချပ်တစ်ခုလို ဖြစ်လာတာပဲ"

"အခု ကိုယ် အဆင်ပြေတယ်မဟုတ်ဘူးလား" သူက သူမကို ပွေ့ဖက်ရင်း ပြန်ဖြေလိုက်၏။

"ရှင် အသက်ရှင်တယ်ဆိုတာကို ပြောနေတာလား"

"ကိုယ်အရွယ်ရောက်လာပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်ဆိုတာကို ပြတာပါ"

"အနည်းဆုံးတော့ ရှင့်ကန့်သတ်ချက်ကို သိလို့တော်သေးတာပေါ့" ဝူဟုန်က ပြောလိုက်သည်။

"အဲဒါဆိုတော့ ဘာတွေဖြစ်ခဲ့တာလဲ"

ဝမ်ဝေ့က ရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အသေးစိတ် ပြန်လည်ရှင်းပြလိုက်၏ "ဒါနဲ့ မိစ္ဆာအဘေးကိုသိလား"

"သူ့ကို တစ်ခါမှတော့ မတွေ့ဖူးဘူး။ ဒါပေမဲ့ ကျွန်မတို့တွေမှာ ထူးခြားတဲ့ ကံကြမ္မာရှိတယ်လို့ ပြောရမယ်" အဖြစ်အပျက်ကို ကြားပြီးသည့်နောက်တွင် သူမ၏ စိတ်ထဲ မှတ်ဉာဏ်အသစ်တချို့ ပေါ်ထွက်လာသည်။ တခြားအချိန်စက်ဝန်းတွင် မိစ္ဆာအဘေးက ဒိုင်မေးရှင်းအမြင့်ရှိ အင်အားစုများ၏ မဟာမိတ်ကြောင့် ရှုံးနိမ့်မသွားခဲ့ပေ။ ထိုတိုက်ပွဲအပြီးတွင် သူက ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သူက သူမ တက်လှမ်းပြီးသည့်နောက်တွင် သူ၏ ကျရှုံးမှုအတွက် သူမကို အပြစ်တင်ခဲ့ပြီး သူမအတွက် အခက်အခဲများစွာ ပြုလုပ်ခဲ့သည်။ ကံကောင်းသည်က မေတ္တယျနှင့် ဓားဧကရီလိုမျိုး လူများက သူမကို ကာကွယ်ပေးခဲ့သည်။ သူမက အဆုံးစွန်မဲ့စံပြအဆင့်သို့ ရောက်ရှိသည့်အခါ ဒဏ်ရာရထားသည့် မိစ္ဆာအဘေးကို သတ်ဖြတ်ခဲ့၏။ ထိုတိုက်ပွဲက သူမဘဝတွင် အခက်ခဲဆုံး တိုက်ပွဲထဲမှ တစ်ခု ဖြစ်ခဲ့သည်။ အကြောင်းအရင်းမှာ တစ်ဖက်လူ၏ အင်အားကြောင့် မဟုတ်ဘဲ သူ့လက်ထဲတွင် ရှိထားသည့် မှော်အသုံးအဆောင်ပစ္စည်းကြောင့် ဖြစ်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now