အခန်း (၆၀၀) : လမင်းခုနစ်စင်း
" အဲဒါဆိုတော့ ဒီလိုဖြစ်ခဲ့တာလား" အစီအရင်တစ်ဖက်မှ ရှုကျင်းရောင်၏ လှပသည့် အသံတစ်သံထွက်ပေါ်လာသည်။
သူမက ကျန်းယွီချန်း၏ ကံကြမ္မာနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ လူအများက ထိုဖြစ်နိုင်ချေရလဒ်ကို မှန်းဆပြီးသား ဖြစ်၏။
" ဆရာ ကျွန်တော် တောင်းပန်ပါတယ်"
" မင်း မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး။ အိမ်ကို ချက်ချင်းပြန်လာခဲ့။ ငါ အုပ်ချုပ်သူအရှင်တွေနဲ့ ဖြေရှင်းလိုက်မယ်"
" အဲဒါဆို အမွေအနှစ်ကရော"
" အဲဒီဟာကိုလည်း မေ့ထားလိုက်တော့"
" ကျွန်တော် နောက်ဆုံးအနိုင်ရရှိသူဆီကနေ ယူနိုင်လောက်တယ်။ တကယ်လို့ ကျွန်တော်ကို ဒုတိယအခွင့်အရေး ပေးမယ်ဆိုရင် ပိုပြီးကြိုးစားပါမယ်"
" မင်းဆီမှာ အချိန်သိပ်မရဘူး။ ဒိုင်မေးရှင်းအနိမ့်ရဲ့ ပိုင်းခြားထားမှုက အဆုံးသတ်တော့မယ်"
" အဲဒါက ဘာကိုပြောချင်တာလဲ"
" အုပ်ချုပ်သူတွေကို ဝင်ရောက်စွက်ဖက်တာကနေ တားဆီးတော့မယ်ဆိုတာပဲ။ အတိအကျပြောရရင် ဘယ်သူမှ ဝင်မစွက်ဖက်နိုင်တော့ဘူး။ အားလုံးတော့ မဟုတ်ဘူးပေါ့" ရှုကျင်းယောင်က နေမင်းနှစ်စင်းသည် ဝင်ရောက်စွက်ဖက်နိုင်မလားတော့ မသေချာပေ။
" အရာအားလုံးအပြင် ဒီနေရာမှာ အပြောင်းအလဲတချို့ စတင်နေပြီ။ အဲဒါက အဆိုးလား၊ အကောင်းလားမသိသေးပေမဲ့ ငါတို့တွေ ဖြေရှင်းရမယ်"
" ကျွန်တော် သိပြီ" ရှောင်ထျန်းတိက ရေရွတ်လိုက်သည်။
ရှုကျင်းယောင်က ဆက်သွယ်ရေးကို အဆုံးသတ်လိုက်ပြီးသည့်နောက်တွင် ထိုအဖြစ်အပျက်က အပြောင်းအလဲကြီးအတွက် သင့်တော်သည့် ဓာတ်ကူးတစ်ခု ဖြစ်လာမလားဟု စဉ်းစားနေမိသည်။ သူမက သူ့တပည့်ကို ထိုသို့စိတ်ဓာတ်ကျသည့် အခြေအနေတွင် ဆက်လက် မရှိလိုပေ။ ထိုဝမ်ဝေ့၏ စကားများက သူ့အပေါ် ကောင်းမွန်စွာ လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိဖို့ မျှော်လင့်မိ၏။