အခန်း (၆၉၀) : ဒဏ်ရာရရှိခြင်း
ဝမ်ဝေ့က ထိုရလဒ်ကို မျှော်မှန်းထားပြီးသားဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်မိသွားသည်။ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲထက် အင်ပါယာကမ္ဘာတွင် တိုက်လိုသည်။ ထိုအရာက သူ့အနေနှင့် အရေးသာချက် ပိုမိုရရှိစေနိုင်၏။ သူတို့က မဟာမိတ်ဖြစ်လာနိုင်ချေ မရှိသည့်အတွက် သူ့အစီအစဉ်က အကျိုးများစွာ သက်ရောက်မှု ရှိလိမ့်မည်။
ဒါက လုံးဝ မဖြစ်နိုင်ဘူးပဲ...
သူက ခေါင်းခါလိုက်၏။ သူ့အစီအစဉ်အတွက် အကြွင်းမဲ့အာဏာကို လိုအပ်ပြီး တိထျန်းလိုမျိုး အားကောင်းသည့်လူတစ်ယောက်၏ တည်ရှိမှုက သူ၏ အစီအစဉ်ကျမှုကို သက်ရောက်မှု ရှိလာစေနိုင်သည်။ ထို့ကြောင့် သူတို့၏ အတ္တများက ငြိမ်းချမ်းစွာ ပေါင်းစည်းမှု ဖြစ်လာဖို့ အခွင့်အရေး မရှိပေ။
နောက်ဆုံးတွင် သူက ဒေါသကို ကြည့်ကာ စည်းဖြေပေးလိုက်၏။
"အံ့ဖွယ်အသိစိတ်ကနေပဲ ဆက်သွယ်" သူက သူတို့နှစ်ယောက်ထဲကြားအောင် အသံကူးပြောင်းကာ ပြောလိုက်၏။ သူမက နားမလည်နိုင်ဖြစ်နေသော်လည်း သဘောတူလိုက်သည်။
"အစားကြူးသူကို ဘာလို့ မကယ်ပေးရတာလဲ" ဒေါသက မေးခွန်းထုတ်လိုက်သည်။
"ငါက မင်းကို စောင့်ရှောက်ဖို့ပဲ ကတိပေးထားတာ။ ကျန်တဲ့သူတွေဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး"
"ရှင်" သူမ၏ ဒေါသများက ပေါက်ကွဲလုနီးပါးဖြစ်လာသည်။
"ဒီလိုဟာမျိုးလုပ်နိုင်တယ် မဟုတ်ဘူးလား"
"မရဘူး။ လက်ရှိ သူက ငါ့ထက် အားကောင်းတယ်။ တကယ်လို့ သူကသာ မင်းကို သတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ငါက ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"
"ရှင်က ဂရုမစိုက်တာပါ" သူမက ပြောလိုက်သည်။
"အဲဒီအတွက်ကလည်း အကြောင်းအရင်း ရှိတယ်"
"ကျွန်မဘာသာကျွန်မ အန္တရာယ်ထဲ ခုန်ဆင်းရင်ရော ဘယ်လိုလုပ်မလဲ"
"အဲဒါဆိုရင်တော့ သေရမှာပေါ့။ ဘာဖြစ်ဖြစ် မင်းနဲ့ငါက စာချုပ်တွေ ဘာတွေချုပ်ဆိုထားတာ မဟုတ်ဘူး။ တကယ်လို့ ဒီလိုအရာမျိုး လုပ်ရအောင် တုံးအနေတယ်ဆိုရင်တော့ မင်းနဲ့ ဆရာနဲ့ပဲ သွားပြီး တွေ့ဆုံလိုက်တော့ပေါ့"