ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၅) : ထူးဆန်းမှု
အလင်းတန်းမြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပါဝင်ဆင်နွှဲသူ အားလုံးရှေ့မှောက် ရောက်ရှိလာသည်။ သူတို့အားလုံးက ကောင်းကင်အလိုဆန္ဒဟု ထိုးထွင်းထားသည့် အမှတ်အသားပြားဖြစ်၏။
ဝမ်ဝေ့က သူ့အမှတ်အသားပြားကို ယူပြီး သေချာလေ့လာကြည့်လိုက်သည်။
ထင်ထားတဲ့အတိုင်း ဒါက တစ်ယောက်ယောက်နဲ့ ဆက်နွယ်နေတာ မဟုတ်ဘူးပဲ။ တကယ်လို့ တစ်ယောက်ယောက်သာ အမှတ်အသားပြားကို ဆုံးရှုံးသွားမယ်ဆိုရင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ တိုက်ခိုက်ဖို့ သူတို့ရဲ့ အနေအထားလည်း ဆုံးရှုံးသွားလိမ့်မယ်။ အားလုံးက ဒီအမှန်တရားကို သိသွားကြတာနဲ့ ဒီအရာက အားလုံးရှိထားသမျှထဲ အဖိုးတန်ဆုံးအရာ ချက်ချင်းဖြစ်လာလိမ့်မယ်...
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် မည်သို့ အလုပ်လုပ်ဆောင်ကြောင်း သတင်းစကား ရရှိလိုက်၏။ လက်ရှိအမှတ်အသားပြားက အသက်မဝင်သေးပေ။ အသက်ဝင်လာဖို့အတွက် မိစ္ဆာမျိုးနွယ်၏ သွေးစတေးမှု လိုအပ်ပေသည်။
ကောင်းကင်တာအိုက ထိုအမှတ်အသားပြားများကို ဖြန့်ဝေပြီးသည့်နောက်တွင် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာဆီ ဦးတည်နေသည့် တံခါးချပ်က ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထိုဖြစ်စဉ်က မိနစ်ပိုင်းကြာ ကြာမြင့်ခဲ့၏။
" ဒါ ဂိုဏ်းမှာ ရှိထားတဲ့ ပါရမီရှင် ၂ယောက်က ဘယ်လိုဖြစ်သွားတုန်း"
" ချိုက်စုန့်ကတော့ အတော်လေးအဆင်ပြေတယ်။ သူမက အထွေထွေသောင်းပြောင်းဧကရာဇ်ရဲ့ အမွေအနှစ်တချို့ကို စုပ်ယူပြီးတော့ ရုပ်သေးရုပ်နဲ့ ယင်တွေအတွက် သူမရဲ့ ပါရမီကို တိုးတက်အောင် လုပ်နေတယ်။ အခု သူမက သူမရဲ့ ကိုယ်ပိုင်ကျမ်းကို ဖန်တီးဖို့ ပြင်ဆင်နေတယ်" ယန်းလီလင်းက ပြောလိုက်၏။