အခန်း(၆၈၆)

39 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၈၆) : စစ်သူကြီး

တိထျန်းက သူ့စခန်းနား ရပ်နေရင်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်။ သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်၍ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူက မမြင်နိုင်ဖွယ် အစီအရင်နှင့် ကံကြမ္မာမြစ်ကြောင်းကို တွေ့နိုင်သည့် တစ်ဦးတည်းသောသူသာ ဖြစ်လိမ့်မည်။

ဒါက ဝမ်ဝေ့ လက်ချက်လား

သူက နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။ ကောင်းကင်တာအိုက အကူအညီအတွက် သူ မျက်နှာသာပေးသည့် သားတော်ထံ သွားရောက် အကူအညီတောင်းဆိုခဲ့ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထိုသူက သဘောတူလိုက်ဟန်ပေါ်၏။

သူက ထိုအရာနှင့် တစ်ခါက အလုပ်တွဲလုပ်ခဲ့သော်လည်း ပျက်စီးနေသည့် ဟွင်သွမ်းရတနာတချို့အတွက် သူ့အနေဖြင့် ထိုအရာများ ဖြတ်ကျော်ရသည်မှာ မထိုက်တန်ဘူးဟု ထင်မိသည်။

သူ့ကို လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသောအရာက သူ့ဇနီးဖြစ်သူ၏ အမှတ်အသားသာ ဖြစ်၏။ သို့သော် ထိုအရာက ပေးဖို့ရာ ငြင်းဆန်နေသည်။

ကိစ္စမရှိဘူး။ ငါ့ဘာသာ ငါ ယူမယ်...

တိထျန်းက အစီအရင်ကို ဆက်မကြည့်တော့ပေ။ သူက အရှုပ်အထွေးများ မဖြစ်လို၍ ကောင်းကင်တာအိုကို တမင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် ခေါင်းဆောင်းပုံရိပ်တစ်ခုက သူ့အနားပေါ်ထွက်လာ၏။

"ဘယ်လိုလဲ"

"အားလုံးကို စုံစမ်းပြီးသွားပါပြီ"

"ရလဒ်ကရော"

"ကျွန်မ လက်ရွေးစင်တချို့ကို တွေ့ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားကိုတော့ ကိုယ်တိုင်စမ်းသပ်ကြည့်မှ ဖြစ်မယ်"

"ကောင်းပြီ။ ရှေ့ကနေ လမ်းပြ" တိထျန်းက အမိန့်ပေးလိုက်သည်။ လက်ရှိအခြေအနေက သူ့စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည့်အတွက် အရေးသာသည်ဟု ခံစားမိလေသည်။ သူ့အရိပ်က ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် နောက်ထပ်ပိုင်နက်တစ်ခုအတွင်း ကူးသန်းသွားလိုက်၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVTempat cerita menjadi hidup. Temukan sekarang