ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၀)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၈၉) : စကားဝိုင်း
နှစ်ဦးသားက အကွာအဝေးတစ်ခုမှ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ကြားမှ တိုက်ရိုက်မဟုတ်သည့် တင်းမာမှုက အားနည်းသည့် စိတ်စွမ်းအား ရှိထားသော ထာဝရအရှင်များကိုပင် ဝေဒနာခံစားရစေနိုင်သည်။
"အစားကြူးသူကို ကယ်ပေးပါဦး" ဒေါသက လေထုကို ဖြိုခွင်းလိုက်၏။
ဝမ်ဝေ့က သူမအား ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် "မရဘူး"
"ဒါပေမဲ့ ရှင် ပြောတာ..."
"မရဘူးလို့ ပြောနေတယ်"
"မင်း သူမကို မသိဘူးလို့ ထင်နေတာ" တိထျန်းက ပြောလိုက်သည်။
"သူမစကားကို နားထောင်မနေပါနဲ့။ မင်းရဲ့ တိုက်ကွက်က သူမရဲ့ စိတ်ကို သက်ရောက်မှု ရှိသွားပြီးတော့ အခုနေမကောင်းတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ မိစ္ဆာတစ်ယောက်ရဲ့ စကားကို ယုံလို့ မဖြစ်ဘူး" ဝမ်ဝေ့က သဘောထား အပြောင်းအလဲမရှိ ပြောလိုက်သည်။
"လူပါးဝတဲ့ကောင်ပဲ။ မင်းရဲ့ အရင်ဇဝဏဉာဏ်ရွှင်တာက ငယ်ငယ်တုန်းကတော့ လက်ခံနိုင်တယ်ဆိုပေမဲ့ မင်း အခု အသက်ကြီးလာပြီဆိုတော့ ရင့်ကျက်သင့်ပြီ မဟုတ်ဘူးလား"
ဝမ်ဝေ့က တိထျန်းသည် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူက ပြောင်းလဲသွားခဲ့၏။ အကယ်၍ ယခင်သူသာ ဖြစ်နေပါက လုပ်နေကျအတိုင်း တစ်သတ်မတ်တည်း လုပ်မည်ဖြစ်သော်လည်း လက်ရှိ သူက ထိုအရာထက် ကျော်လွန်၍ စဉ်းစားတတ်လာသည်။
သူ့ကို ဘယ်အရာကများ ပြောင်းလဲစေလိုက်ပါလိမ့်။ ဒါမှမဟုတ် နဝမအဆုံးစွန်အုတ်မြစ် ကျော်လွန်စေမဲ့ နည်းလမ်းကို ရှာတွေ့သွားလို့များလား။ ခဏနေပါဦး။ သူ အောင်မြင်တယ်ဆိုတာကို တစ်ခါမှ မသိခဲ့ရဘူးပဲ