ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၁) : ကောင်းကင်ကျမ်း
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်အပေါ် ဝမ်ဝေ့၏ တုံ့ပြန်မှုက ယုံကြည်မှုနှင့်သာ သက်ဆိုင်၏။ သူက သူ့ဘိုးဘေးများအပေါ် သူတို့၏ အကျိုးပြုမှုများကို သုံးသပ်ပြီး သူ့ဇနီးဖြစ်သူ၏ အတွေ့အကြုံကိုပါ ထည့်ပေါင်းလိုက်လျှင် ယုံကြည်မှုတချို့တော့ ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သူ အပြည့်အဝ ယုံကြည်ရသည့်သူက လက်တစ်ဖက်နှင့် ရေတွက်လို့ရသည့်အတွက် သူတို့ကို အလုံးစုံ ယုံကြည်ခြင်းတော့ မဟုတ်ပေ။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်အတွက်မူ သူသာ အင်အားကွာခြားချက် မရှိဘဲ အဆင့်အတူတူ ဖြစ်သွားသည်နှင့် ဝမ်ဝေ့ ယုံကြည်နိုင်သည့် လူတန်းစားတွင် ပါဝင်သည်။ ထိုသို့ဖြစ်လာသည်နှင့် သူ့အကျိုးအမြတ်အတွက် ဝမ်မျိုးနွယ်ကို ပြန်လည်စုစည်းဖို့ ပြဿနာမရှိပေ။
သူက မပျောက်ကွယ်သွားခင် အဝေးတစ်နေရာကို လှည့်ကြည့်ပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာခဲ့သည်။ ပထမဦးစွာ သူက လီကျွင်းနှင့် တခြားသူများကို စစ်ဆေးကြည့်လိုက်၏။ သူက သိပ္ပံနှင့် နည်းပညာကမ္ဘာ၏ မှတ်ဉာဏ်များကို မပြသခဲ့သည့် အကြောင်းမှာ သူတို့ကို တားမြစ်ချက်ကြောင့် သက်ရောက်မှု မဖြစ်စေလိုပေ။
ဝမ်ဝေ့က ဟုန်ကျွင်း၏ ကာကွယ်မှုသည် သူ ချစ်ရသည့်သူများအထိ ရောက်ရှိမည်လားဟု မသိပေ။ ထို့ကြောင့် သူက သူ့ဇနီးကိုသာ ပြသခဲ့သည်။ သူမက ထိုတားမြစ်ချက်မှ ဘေးကင်းနိုင်၏။
" ဘယ်လိုနေလဲ" လီကျွင်းက အဖန်တချို့ငှဲ့ပေးရင်း ပြောလိုက်သည်။
" အတော်လေး ကောင်းပါတယ်" ဝမ်ဝေ့က သူ့သေမျိုးတဖန်ကို မရှင်းပြခင် ပြန်ဖြေလိုက်၏ " မင်းရော ဘယ်လိုလဲ"
" မဆိုးပါဘူး။ ကျွန်တော်က သတ်ဖြတ်ဖို့ပဲ သိတဲ့ လူသတ်သမား အရူး၊ အားကောင်းတဲ့ စစ်သူကြီး၊ အုပ်ချုပ်သူတစ်ယောက်နဲ့ တိုက်ခိုက်ရတာ စွဲလမ်းတဲ့ သိုင်းပညာရှင်အထိ ဖြစ်လာခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က အစ်ကိုကြီးရဲ့ သေခြင်းရှင်ခြင်းလူဝင်စားအတွက် သံသရာထဲမှာ အလုပ်လုပ်ဖို့ အလောင်းအဖြစ် နေခဲ့တုန်းကပဲ"