ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၆) : ဝိညာဉ်လမ်းစဉ်
ဟူး
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ရှူထုတ်လိုက်၏။ သူက ယနေ့တရားထိုင်မှု ပြီးဆုံးခါစဖြစ်ပြီး သူ့ဒဏ်ရာများမှ သက်သာလာပြီ ဖြစ်၏။
ယခင်ရက်ပိုင်းအတွင်း ပြန်လည်ကုသနေစဉ် သူက တစ်စုံတစ်ခု လစ်ဟာသွားတာရှိလားဟု သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။ ကံကောင်းစွာဖြင့် သူက ဘာမှမလစ်ဟာခဲ့ပေ။
သူက တဲမှ ထွက်လာသည့်အခါ တပ်ဖွဲ့နှင့် သူ့အဖွဲ့က မီးပုံနားတွင် ညစာစားနေသည်ကို မြင်လိုက်ရ၏။ သူက လီကျွင်း ပေးသည့်ပန်းကန်ကိုယူကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဝိညာဉ်က အဆင်ပြေရဲ့လား"
"ရက်ပိုင်းအတွင်း အဆင်ပြေသွားမှာပါ"
"ဝိညာဉ်ပြုပြင်ရေးဆေးလုံး ပေးချင်ပေမဲ့ အကိုကြီးအတွက် ဒါက သက်ရောက်မှု မရှိဘူးဆိုတာကို သိတယ်" ယန်းလီလင်းက ပြောလိုက်သည်။
"ကိစ္စမရှိဘူး။ ဒါနဲ့ အင်မော်တယ်ဆေးလုံး ဖော်စပ်တာရော ဘယ်လိုနေသေးတုန်း" ဝမ်ဝေ့က အထွေထွေသောင်းပြောင်း ဧကရာဇ်ဆီမှ ရရှိထားသည့် သီးသန့်အစီအရင်တစ်ခုကို သူမအား ပေးခဲ့သည်။ ထိုအရာက ဆေးလုံးဖော်စပ်ခြင်းအတွက် ထူးကဲသည့် မသေမျိုးချီကို ထုတ်လွှတ်ပေးနိုင်သည်။
(အရင်က မသေမျိုးဆေးလုံးလို့ ရေးခဲ့တာကို အခု အင်မော်တယ်ဆေးလုံးလို့ ပြောင်းရေးပါ့မယ်)
"အံ့ဖွယ်သင်္ကေတတွေကြောင့် အခုထိတော့ မအောင်မြင်သေးဘူး။ ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုဆိုတော့ အောင်မြင်အောင် ကြိုးစားကြည့်မယ်"
အင်မော်တယ်ဆေးလုံးက မသေမျိုးချီ စုပ်ယူမှု လိုအပ်သည်သာမက ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးပြုလုပ်တာထက် ပိုများသည့် အံ့ဖွယ်သင်္ကေတများကို လိုအပ်ပေသည်။