ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၃) : ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်း
ဝမ်ဝေ့ ရရှိထားသည့် သတင်းအချက်အလက်တစ်ခုက ကောင်းကင်ဝါးမျိုရေး ဧကရာဇ်နှင့် ပတ်သက်ပြီး သူ့မှန်းဆချက်တစ်ခုကို အတည်ပြုလိုက်နိုင်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ နှင်ထုတ်ခံလိုက်ရပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာ၏ ဧကရာဇ်အဖွဲ့က သူတို့မွေးရပ်မြေကို ဖျက်ဆီးခဲ့သည့်သူကို သဘောမကျကြသည့်အတွက် သူတို့လက်ဖြင့် သစ္စာဖောက်ကို ရှင်းဖို့ ဝင်ပါခဲ့ကြသည်။
သူတို့က အတူတကွ ပူးပေါင်းတိုက်ခိုက်ပြီး သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုကို ဖျက်ဆီးခဲ့ကြသည်။ နှမြောစရာကောင်းလှသည်က ထိုလူများက သူ့ကို သမိုင်းကြောင်းမှ ဖယ်ဖျက်နိုင်စွမ်း မရှိပေ။ အကြောင်းမှာ ဝမ်ဝေ့က ကောင်းကင်ဝါးမျိုရေးဧကရာဇ်၏ တည်ရှိမှုနှင့် အောင်မြင်မှုများကို ကောင်းကောင်းသိရှိနေသေး၍ ဖြစ်သည်။
တကယ်လို့ ကောင်းကင်ဝါးမျိုရေးဧကရာဇ်က မိုရှင်းယွင်ကို ပူးကပ်ထားတယ်ဆိုရင် ကိစ္စတော်တော်များများက အဓိပ္ပာယ်ရှိသွားပြီ။ ဒါပေမဲ့ မေးခွန်းတချို့လည်း ရှိလာတယ်...
ဝမ်ဝေ့က ခေါင်းအသာခါလိုက်ပြီးသည့်နောက်တွင် ထိုအတွေးများကို စိတ်ထဲ၌သာ ပြန်ထားလိုက်သည်။ ထို့နောက် သူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို အာရုံစိုက်ထားလိုက်၏။ ထိုကျမ်းက အလားအလာများစွာ ရှိသော်လည်း အဓိပ္ပာယ် မရှိကြောင်း ခံစားမိလေသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက ကျမ်းအပေါ် အခြေခံနားလည်နိုင်မှုတချို့ ရရှိလာခဲ့၏။
" အခုတော့ အဓိပ္ပာယ်ရှိသား"
လှည့်ဖျားရေးကို တာအိုအဖြစ်ကဲ့သို့သော သဘောတရားက သူ့ကို အမြဲတမ်းလိုလို စိတ်ရှုပ်ထွေးစေသည်။ အထူးသဖြင့် မဟာတာအိုအရင်းအမြစ်ကို ရယူဖို့အတွက် ကောင်းကင်တာအို သို့မဟုတ် မဟာတာအိုကို လှည့်ဖျားဖို့ လိုအပ်လာသည့်အခါတွင် ဖြစ်၏။