ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၅) : စည်းမျဉ်းက စည်းမျဉ်းပဲ
ခေါင်းဆောင်းပုံရိပ်နှင့် ပထမတန်းစားဧကရာဇ် နှစ်ယောက်တို့က ဝမ်ဝေ့ ကူးသန်းသွားသည့် ဒိုင်မေးရှင်းကို ဖြတ်ကာ နောက်မှ လိုက်လာကြသည်။ သူတို့ ရောက်ရှိသွားသည်နှင့် ကျင့်ကြံရေးလောကနှင့် ကွဲလွဲနေသည့် အသိုက်အဝန်းတစ်ခုလုံးကို မြင်လိုက်ရသည်။
ဧကရာဇ်နှစ်ယောက်က သူတို့သည် ထိုအရာမှ ရရှိမည့် အကျိုးအမြတ်ကို ချက်ချင်းသဘောပေါက်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ တိုက်ခိုက်ရမည်လား သို့မဟုတ် မျှဝေဖို့ သဘောတူရမလားဟု စဉ်းစားနေကြဟန်ပေါ်သည်။
" စာချုပ်ကို မှတ်ထား သူ့ကိုသတ်" ခေါင်းဆောင်းပုံရိပ်က အော်ပြောလိုက်သည်။ သူတို့က ခေါင်းညိတ်လိုက်၏။ ယခု ဤနေရာက ဘယ်ကိုမှ မသွားသည့်အတွက် ယခု လက်ရှိပြဿနာကိုသာ အရင်ဆုံး ဖြေရှင်းရမည်။ သူတို့က ဝမ်ဝေ့ကို ကြည့်ကာ တိုက်ခိုက်လိုက်ကြ၏။
ဧရာမလက်ဝါးကြီးနှစ်ခုက ဝမ်ဝေ့အပေါ် ကျဆင်းလာကာ သူ့အား သုတ်သင်ဖို့ ကြိုးစားနေသည်။ သူက အံကြိတ်ကာ အသက်ရှင်ဖို့ နည်းလမ်းကို တွေးတောလိုက်၏။ သူက တုယီနယ်ပယ်ကို ချပ်ဝတ်အဖြစ် ဝတ်ဆင်ကာ ကိုယ်ထည်မဲ့အဆင့်သို့ ဝင်ရောက်လိုက်ပြီး စိတ်စွမ်းအားဖြင့် ကာကွယ်ထားလိုက်သည်။
သူက ကာလံဒေသံ၊ အစီအစဉ်ကျမှု - မကျမှု၊ ယင်ယန်၊ လွတ်လပ်ခွင့်၊ ကံတရား၊ သံသရာ၊ ကံကောင်းမှု၊ ကံ၊ ဝိညာဉ်၊ ဖျက်ဆီးခြင်း၊ ဓာတ်ငါးပါး၊ အစီအရင်နှင့် အဆောင်တို့ကိုပါ စည်းမျဉ်းဖြင့် ကောင်းချီးပေးလိုက်သည်။
ထိုဧကရာဇ်များက သိပ္ပံနှင့် နည်းပညာကမ္ဘာကြောင့် နာနိုစက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားကြသော်လည်း ထိုအရာက ဝမ်ဝေ့အတွက် သိုလှောင်လက်စွပ်ထဲမှ မသေမျိုးအဆင့် အဆောင်အားလုံးကို ထုတ်ယူပြီး အသက်သွင်းဖို့ အချိန်လုံလောက်ခဲ့သည်။