အခန်း(၆၆၆)

37 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၆၆) : တတိယပွဲစဉ်

ယီလျန်ချန်းက လေထဲ မျောလွင့်နေရင်း သူ့မညီမညာ သွားများကို ဖြဲကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့အောက်တွင် ပင်လယ် ပါဝင်နေသည့် ကုဗတုံးပုံစံ အကာအကွယ်တစ်ခု ရှိနေသည်။ မိစ္ဆာနှင့် ပင်လယ်မျိုးနွယ်တပ်ဖွဲ့များဖြစ်သည့် တပ်ဖွဲ့နှစ်ခုက ထိုပင်လယ်ထဲတွင် တိုက်ခိုက်နေကြသည်။

ယီလျန်ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲကို ကြည့်နေသည်။ သူ့တပ်ဖွဲ့များက အစီအရင်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ပြောင်းလဲပြီး သူတို့အတွက် အရေးသာမှုကို ရယူထားသည်။ ရေက ပင်လယ်မျိုးနွယ်၏ တပ်ဖွဲ့အင်အားကို တိုးမြှင့်ပေးနိုင်သည့်အတွက် တစ်ဖက်သတ် တိုက်ပွဲသာ ဖြစ်နေလေ၏။

မိစ္ဆာတစ်ကောင် သေဆုံးသွားသည့်အချိန်တိုင်း ယီလျန်ချန်းက သူတို့၏ ဝိညာဉ်၊ စွမ်းအား၊ သွေးနှင့် အသားကို စုပ်ယူလိုက်သည်။

" ဆိုးရွားလိုက်တဲ့ ယဇ်ကောင်တွေပဲ။ အရေအတွက်ကတောင် အရည်အသွေး လစ်ဟာမှုကို ဖြည့်ဆည်းမပေးနိုင်ဘူး။ ငါ ပိုကောင်းတဲ့ ယဇ်ကောင်လိုနေပြီ"

သူက မျက်မှောင်ကြုတ်လိုက်ကာ စဉ်းစားလိုက်သည်။

ငါ အသင်္ချေအင်ပါယာကမ္ဘာမှာ ကန့်သတ်ချက်များလို့ ဒီနေရာကို လာတာ။ ဒါပေမဲ့ ဒီနေရာက ပိုပြီးတင်းကြပ်နေလိမ့်မယ်လို့တော့ ထင်မထားမိဘူး

ယီလျန်ချန်းက တိုက်ပွဲဆုံးသည်အထိ စောင့်ပြီး သူ့လူများအား အစီအရင်ပိတ်ကာ သန့်ရှင်းရေးလုပ်စေလိုက်သည်။ သူက အရာအားလုံးကို အပေါ်မှ ကြည့်နေပြီးသည့်နောက် စိတ်ခုလာသည်။

ငါ ပိုကောင်းတဲ့ ယဇ်ကောင်ကို လိုတယ်...

ထို့နောက် သူက ထိုသူနှစ်ဦးကြားမှ ထိပ်တိုက်ရင်ဆိုင်မှုအကြောင်းကို တွေးလိုက်မိ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVWhere stories live. Discover now