ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDaoဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၇၁၀) : တာအိုကာကွယ်သူနှင့် တာအိုနှလုံးသား
"ဂိုဏ်းချုပ် ရောက်လာပြီပဲ" ယန်းချန်က သူ့အိမ်ငယ်လေးမှ ထွက်လာကာ ပြောလိုက်သည် "အထဲဝင်ခဲ့ပါ"
ဒါက ရိုးရှင်းပြီး သာမန်ဆန်တဲ့ ပြယုဂ်ပဲ...
ဝမ်ဝေ့က တချို့သော ကျင့်ကြံသူများသည် သူတို့၏ စိတ်ကို လေ့ကျင့်ပေးဖို့အတွက် သက်တောင့်သက်သာရှိပြီး ဇိမ်ယူသည့် အခြေအနေကို စွန့်ပစ်သည့် လမ်းစဉ်ကို ကျင့်သုံးကြသည်။
"ဧည့်သည်လာမယ် ထင်မထားမိလို့လေ" ယန်းချန်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့အိမ်ငယ်လေးထဲမှ အတွင်းပိုင်းနေရာကို ချဲ့ထွင်လိုက်၏။ ထို့အပြင် သူ့ရှေ့တွင် အဖန်ရည်အိုး ပါသည့် စားပွဲခုံတစ်ခုပေါ်ထွက်လာပြီး ဝမ်ဝေ့အတွက် ထိုင်ခင်းလည်း ပေါ်ထွက်လာသည်။
"ကိစ္စမရှိပါဘူး။ ဒါနဲ့ ဘယ်လိုနေသေးလဲ" ဝမ်ဝေ့က အဖန်ရည်တစ်ငုံသောက်ရင်း ပြန်မေးလိုက်သည်။
"အဆင်ပြေပါတယ်" ယန်းချန်ကာ ပြန်ဖြေကာ ဂိုဏ်းချုပ်အား စိတ်ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူက ဤသို့သော ကောင်းကင်ဘုံသွေဖယ်နေသည့် ပါရမီတစ်ယောက်၏ တာအိုကာကွယ်သူ ဖြစ်ခဲ့ဖူးသည်ကို ဂုဏ်ယူကာ ပျော်ရွှင်နေမိ၏။ သူက ထိုသူ တစ်ဆင့်ချင်းစီ တက်လှမ်းကာ သမိုင်းကြောင်းတစ်လျှောက် ထာဝရ မှတ်မိခံရမည့် ဒဏ္ဍာရီလာတစ်ခု ချန်ထားခဲ့မည်ကို ကြည့်နေရင်း အောင်မြင်မှုတချို့ကို ခံစားမိလိုက်သည်။
သူ့လို အသက်အရွယ်ရနေသူအနေဖြင့် လူငယ်မျိုးဆက်များ ယခင်မျိုးဆက်ကို ကျော်လွန်သွားသည်ကို ကြည့်နေသည့် ခံစားချက်ထက် ဘာမှပိုမကောင်းနိုင်ပေ။ သူက တစ်ရက်ကျ ဤလူငယ်လေး ဖန်တီးမည့် အနာဂတ်ကို သိနေသည့်အတွက် ပိုမို မျှော်လင့်ချက်ထားမိ၏။ နောက်ဆုံးတွင် သူ့ကဏ္ဍက တိုတောင်းလွန်းသည့်အတွက် နှမြောတသဖြစ်ဖွယ် ခံစားနေရသည်။