အခန်း(၆၇၃)

28 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၇၃) : စွမ်းအင်လွှမ်းမိုးခြင်း

"ငါတို့တွေ ဘာလုပ်ကြမလဲ။ ဒီနှုန်းနဲ့ဆိုရင် အစီအရင်ကို ထိန်းထားဖို့ ငါတို့အသုံးပြုရမဲ့ အရင်းအမြစ်တွေ များလွန်းသွားလိမ့်မယ်" မူလသင်္ကေတနန်းဆောင်၏ ဆန့်ကျင်ကျင့်ကြံသူက ပြောလိုက်သည်။

"ဘာရွေးချယ်စရာများ ရှိမှာတုန်း။ အခု ရပ်လိုက်ရင် သေခြင်းတရားနဲ့ ဖျက်ဆီးမှုတွေကပဲ ငါတို့ကို စောင့်ကြိုနေမှာပေါ့" ကျောင်းအုပ်စုန့်လီက ကျောင်းတော်၏ ရပ်တည်မှုကို ပြောလိုက်၏။

"ဒီလိုတိုက်ခိုက်မှုက ထာဝရဦးသျှောင်ရဲ့ လက်ချက်ပဲ နေမယ်။ သူတို့က ငါတို့ကို တားဖို့ ဒီလောက်ထိ လုပ်ချင်နေတာလား" ဓားရေးစံအိမ်၏ ကျန့်ယီက ပြောလိုက်သည်။

"အဲလို ထင်ရတယ်"

"ပြဿနာက ငါတို့တွေ ပြန်တိုက်ခိုက်သင့်လားဆိုတာပဲ" တာအိုကိုးကွယ်ရေး ကျောင်းတော်မှ တစ်ယောက်က ပြောလိုက်သည်။

"ထာဝရဦးသျှောင်ရှေ့မှာ အဲဒါက ကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ" ထိုက်ယီနက်နဲမုခ်က ဝင်ပြောလိုက်၏။

"အခု အခြေအနေက အစီအရင်ကို ခုခံရေးစွမ်းအားမြှင့်ဖို့က အကောင်းဆုံးပဲ။ ငါတို့တွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် နှစ်သိန်းချီလောက် တောင့်ခံထားနိုင်ရင် အရာအားလုံးအဆင်ပြေသွားလိမ့်မယ်"

"အမှန်ပဲ။ အခုလက်ရှိအခြေအနေက ဒါက အကောင်းဆုံးရွေးချယ်မှုပဲ"

"ကံကောင်းတာ ငါတို့တွေ ကာကွယ်ရေးအစီအရင်ကို အချိန်မီ အသက်သွင်းထားခဲ့လို့ပေါ့။ မဟုတ်ရင် ရလဒ်က တကယ်ကို ကပ်ဘေး ဖြစ်လာလိမ့်မယ်"

အားလုံးက မူလအရှင်အား ကျေးဇူးတင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကြသည်။ ဤမျိုးဆက်ထဲရှိ တစ်စုံတစ်ယောက်က ဖြစ်လာနိုင်ချေရှိသည့် အနာဂတ်ကို မှန်းဆကာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုလူများက ထိုသို့အမြင်မျိုး ရှိသည်မှာ သူတို့၏ ကောင်းကင်ရွေးချယ်ခံ မဖြစ်နေ၍ အားကျမနာလိုဖြစ်နေကြပြီး ဝမ်ဝေ့အစား ယခင်မျိုးဆက်ဟောင်းမှ တစ်ယောက်ယောက်သာ ထိုအတွေးအခေါ်မျိုး ရှိနေဖို့သာ မျှော်လင့်ဆုတောင်းနေကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora