ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆) ပြီးပါပြီ
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၄) : သေမျိုးတဖန် အပိုင်း(၃)
အလယ်အလတ်အရွယ်အစား သစ်သားအိမ်တစ်ခုအတွင်း အမျိုးသမီးက သူမ၏ ခင်ပွန်းဖြစ်သူကို စောင့်ဆိုင်းရင်း ညစာ ပြင်နေသည်။ သူမက ထိုင်ခုံပေါ်တွင် ထိုင်ရင်း နာရီအနည်းငယ်ခန့် စောင့်ဆိုင်းပြီးသည့်နောက်တွင် အမျိုးသားက အိမ်သို့ ပြန်ရောက်လာ၏။ တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအမျိုးသား၏ မျက်နှာက တောင့်တင်းသွားသည် " အချစ်လေး"
" ရှင် ဘယ်တွေရောက်နေတာတုန်း" ဇနီးဖြစ်သူက မေးလိုက်သည်။
" ရှစ်ယောင်ဇူတို့ရဲ့ အိမ်မှာ လယ်သွားပြီးတော့ ကူပေးတာပါ"
" နေဝင်သွားတာ တော်တော်ကြာနေပြီ" သူမက စားပွဲပေါ်မှ အစားအစာများကို ကြည့်ကာ " အစားအသောက်တွေကလည်း အေးကုန်ပြီ"
" ကိုယ် တောင်းပန်ပါတယ်။ ကိုယ် အချိန် သတိမထားမိလိုက်လို့ပါ။ နောက်ကျသွားတယ်ဆိုတာကို သတိထားမိတော့ အပြင်ဘက်မှာ တော်တော်မှောင်နေပြီ"
ဇနီးဖြစ်သူက ချက်ချင်းပြန်မဖြေပေ။ သူမက နာရီကြာချက်ပြုတ်ထားရသည့် အစားအစာများကို ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်၏ " သူမက ဘယ်သူလဲ"
" မင်းက ဘယ်သူ့ကို ပြောတာလဲ"
" ကျွန်မကို ငတုံးလို လာပြီးတော့ မဆက်ဆံနဲ့။ ရှင့်မှာ နောက်တစ်ယောက် ရှိနေတာသိတယ်။ အဲဒီအမျိုးသမီးက ဘယ်သူလဲ"
" မဟုတ်ဘူး။ မဟုတ်ဘူး မရဏထိန်းချုပ်ရေး ဘုရင်နာမည်နဲ့ ကိုယ့်ဆီမှာ တခြားမိန်းမ မရှိဘူးဆိုတာ ကျိန်ဆိုရဲတယ်"
" ရှင့်ကို မယုံဘူး" ဇနီးဖြစ်သူက ပြန်ဖြေ၏ " ကျွန်မ ကွာရှင်းချင်တယ်"
" မရဘူး။ အဲဒါကတော့ မရဘူး" ယောက်ျားဖြစ်သူက ဒူးထောက်ကာ ပြောလိုက်၏ " ကိုယ့်ကို ခွင့်လွှတ်ပေးပါ။ ကိုယ် နောက်ထပ် ထပ်မလုပ်တော့ပါဘူး"