ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၁၀) : နောက်ဆုံးစစ်ဆေးမှု၏ အဆင့်ဇယား
ဝမ်ဝေ့က ရင်ပြင်အလယ်ရှိ သူ့ထိုင်ခုံဆီ ပျံသန်းလာလိုက်သည်။ သိပ်မကြာခင် အရှင်စိတ်ဝိညာဉ်က ပြုံးလျက်ပေါ်ထွက်လာ၏။
" အချိန်မဖြုန်းဘဲနဲ့ စလိုက်ရအောင်။ ဒီစစ်ဆေးမှုရဲ့ ရလဒ်ကို အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ဖြည်းဖြည်းချင်း ပြသွားပေးမယ်။ ပြောရရင် သက်တမ်းအတိုဆုံးကနေ အမြင့်ဆုံးနေထိုင်နိုင်တဲ့သူတွေကို ပြသွားပေးမယ်။ အခု ထိပ်တန်း ၁၂ ယောက် ရှိတယ်"
အရှင်စိတ်ဝိညာဉ်က နာမည်နေရာ လွတ်နေသည့် နံပါတ် ၁၂ ထွက်လာဖို့ လက်ဝှေ့လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရှစ်ချီအန်း၏ နာမည်က ပေါ်ထွက်လာသည့်အတွက် ၅ယောက်မြောက် လက်ရွေးစင်နေရာတွင် ထိုင်နေသည့် သူမက ဖြူဖျော့သွားသည်။
စစ်ဆေးမှုအတွက် သူမ လုပ်ခဲ့သည့်အရာများကို ပြသပေးပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ရှစ်ချီအန်းက အခြေခံအကျဆုံး အသက်ရှူနည်းစနစ်ကို အသုံးပြုကာ ဝိညာဉ်ချီကို စုပ်ယူခဲ့သော်လည်း သူမက ဝိညာဉ်နှင့် စိတ်စွမ်းအားကို အားဖြည့်ဖို့သာ အာရုံစိုက်ထားခဲ့သည်။ ထို့နောက် သူမက ကောက်ချက်ချမှု သို့မဟုတ် တွက်ချက်မှုအတွက် ကံကို အသုံးပြုမည့် နည်းလမ်းကို ဖန်တီးခဲ့သည်။
ထိုအရာဖြင့် သူမသည် စိတ်ဝိညာဉ် လိပ်တစ်ကောင်ကို တွေ့ခဲ့ပြီး ဝိညာဉ်ဆေးပင်တချို့နှင့် ပြုစုပျိုးထောင်ပြီးသည့်နောက် ဆေးဖက်ဝင်စွပ်ပြုတ်အဖြစ် ပြောင်းလဲခဲ့သည်။
စိတ်ဝိညာဉ် လိပ်စွပ်ပြုတ်က သူမအား သက်တမ်း နှစ်၂၅၀ အထိ တိုးမြှင့်ပေးနိုင်သည်။ သူမ၏ ခန္ဓာကိုယ်ကို ဝိညာဉ်ချီနှင့် အားဖြည့်ပြီးသည့်နောက်တွင် သူမက နှစ် ၃၀၀ အထိ နေထိုင်နိုင်ခဲ့သည်။
အရှင်စိတ်ဝိညာဉ်က ထိုနေရာတွင် ရပ်မသွားသေးပဲ ၁၁ ယောက်မြောက်နေရာ ကျင်းဝူဟွားအကြောင်း ထုတ်ပြလာသည်။ သူမ၏ နည်းလမ်းက အစကတည်းက တဲ့တိုးဆန်သည်။ နတ်ဆိုးတစ်ယောက်အနေနှင့် သူမက လူသားများအပေါ် ခံစားချက် မရှိပေ။ ထို့ကြောင့် သူမ၏ အသက်ရှည်ခြင်းလမ်းစဉ်က လူသားများဆီမှ အသက်ဓာတ် စုပ်ယူခြင်း ပါဝင်နေ၏။