အခန်း(၇၁၃)

7 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၅၁)
မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၇၁၃) : ဝန်ထုပ်မဟုတ်ဘဲ အားဆေး

"သေခြင်းတရားက အဓိပ္ပာယ်မဲ့တယ်လို့ ထင်လား" ဝမ်ဝေ့က မေးလိုက်သည်။

"ရှင်က ဘာကိုပြောချင်တာလဲ"

"ကျင့်ကြံသူတွေက‌ သေခြင်းတရားကို လွှမ်းမိုးပြီး သူတို့ချစ်ရတဲ့သူတွေကို အသက်ပြန်သွင်းနိုင်မဲ့ နည်းလမ်းများစွာ ရှိတယ်လေ။ အဲဒီအကြောင်းအရင်းကြောင့် သေခြင်းတရားက အဓိပ္ပာယ်မဲ့လာတယ်လို့ မထင်မိဘူးလား"

ကျင့်ကြံသူများက သူတို့ဆုံးရှုံးခဲ့ရသည့်လူများကို အသက်ပြန်သွင်းဖို့ နည်းလမ်းများစွာ ရှိ၏။ အကယ်၍ လူတစ်ယောက် သေဆုံးသည်မှာ မကြာမြင့်သေးလျှင် ပြန်လည်ဝင်စားခြင်း စက်ဝန်းမှ သူတို့၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ ခန္ဓာကိုယ်ကို ကုသပေးနိုင်သည်။ သူတို့က သူတို့၏ ကမ္ဘာ့အမှတ်အသား သို့မဟုတ် တည်ရှိမှုပြန်လည်တည်ဆောက်ခြင်းကဲ့သို့ အံ့ဩဖွယ်အရာမျိုးကို အသုံးပြုနိုင်သည်။ သူက ထာဝရဧကရာဇ်များ၏ စာရွက်ပေါ်တွင် သူတို့နာမည်ရှိရုံမျှဖြင့် ပြန်လည်အသက်သွင်းနိုင်သည့် ထူးထူးဆန်းဆန်း စွမ်းရည်အကြောင်း ထည့်မပြောရသေးပေ။

လူများကို အသက်သွင်းဖို့ မည်မျှလွယ်ကူနေသည်ကို တွေးမိပြီးသည့်နောက်တွင် ဝမ်ဝေ့အနေဖြင့် ထိုအရာသည် အကျိုးမရှိကာ အဓိပ္ပာယ် ပျောက်ဆုံးလာကြောင်း စတင် ထင်လာမိသည်။

"တကယ်လို့ ရှင် အဲ့လိုအတွေးမျိုး တွေးလာပြီဆိုရင် အနှေးနဲ့အမြန် ရှင် ဒုက္ခတွေ့လိမ့်မယ်။" ဝူဟုန်က ပြောလိုက်၏။

" ဟွင်သွမ်းစကြဝဠာထဲမှာ ထာဝရသေဆုံးသွားအောင် လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်။ ရှင်က လူတွေကို အသက်ပြန်သွင်းရ လွယ်ကူတဲ့ အထွတ်အထိပ် တာအိုကို ကျင့်ကြံထားလို့ အရေးသာချက်ရှိနေရုံပဲ။ ပြီးတော့ တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းဆိုတာက ထာဝရဧကရာဇ်တိုင်း လုပ်နိုင်ပြီး နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ ပါရမီရှိတဲ့သူတွေတောင် လေ့လာဖို့ ယွမ်ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရတာ ... ကျွန်မရဲ့ အကူအညီနဲ့ ရှင်က အဲ့လောက်ကြာကြာ ဒုက္ခခံစားဖို့ မလိုဘူး။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVOnde histórias criam vida. Descubra agora